သတင်းများ

ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် လှိုင်(ကျောက်ကလပ်)ကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်
Dec 10,2025
ကရင်သက္ကရာဇ်(၂၇၆၅)ခု၊ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ဘားအံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေကျပ်(၁၈၃ ဒသမ ၇၄၂)သန်းဖြင့် သိန်းရတနာလှကုမ္ပဏီနှင့်နေ့သစ်အောင်ကုမ္ပဏီတို့ တာဝန်ယူဆောင်ရွက်သော ရဲသာကျေးရွာအုပ်စု၊ လှိုင်(ကျောက်ကလပ်)ကျေးရွာတွင်း ကွန်ကရစ်လမ်းဖွင့်ပွဲကို ဒီဇင်ဘာ ၁၀ ရက် နံနက် ၈ နာရီက ကျင်းပသည်။ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုနှင့်ပြည်နယ်အစိုးရရန်ပုံငွေများဖြင့် ကျေးလက်ကုန်ထုတ်လမ်း(၂၆)လမ်း အရှည်မိုင်ပေါင်း ၁၈ မိုင်ကျော်၊ ကျေးလက်ကုန်ထုတ်တံတား(၆၅)စင်း အရှည်ပေပေါင်း ၅၂၃ ပေ၊ ကျေးလက်ရေပေးရေးလုပ်ငန်း(၃၃)ခု၊ ဆိုလာစနစ်သုံးစိုက်ပျိုးရေရရှိရေးလုပ်ငန်း(၁)ခု၊ ယင်လုံအိမ်သာတည်ဆောက်ခြင်း လုပ်ငန်း(၂၁)ခုတို့ကိုဆောင်ရွက်ပေးနိုင်ခဲ့ပြီး စီမံကိန်းလုပ်ငန်းများ အနေဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းတစ်ရွာ၊ VDP စီမံကိန်းကျေးရွာ(၁၀)ရွာနှင့် ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း(SMART Village)နှစ်ရွာတို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။
ရေဦးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း‌တွင် အမျိုးသမီးများဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
Dec 10,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင်အမျိုးသမီးရေးရာအဖွဲ့နှင့်အ‌ခြေခံပညာဦးစီးဌာနတို့ပူပေါင်း၍ ယနေ့နံနက် ၁၀ နာရီက အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်း ပညာရတနာခန်းမတွင် အမျိုးသမီးများဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့‌ကြောင်း သိရသည်။
ရန်ကင်းမြို့နယ်၌ ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံပေး
Dec 10,2025
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အသက်အရွယ်အပိုင်းအခြားအလိုက် ကာကွယ်ဆေးများ အပြည့်အဝရရှိစေရေး ရည်ရွယ်ကာ ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက အမှတ် ၁၁ ရပ်ကွက် သာသနရက္ခိတကျောင်းဆေးထိုးစုရပ်နှင့် ဒေသန္တရဆေးထိုးစုရပ်များတွင် တပြိုင်တည်းဆောင်ရွက်သည်။
မန္တလေးတိုင်းဒေသကြီးအတွင်း တာဝန်ထမ်းဆောင်လျက်ရှိသောဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီးဆောင်ရွက်
Dec 10,2025
မန္တလေးတိုင်းဒေသကြီးအတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအနက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများကို မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဘတ်စကတ်ဘောအားကစားရုံ၌ ဒီဇင်ဘာ ၈ ရက်နေ့ နံနက်ပိုင်းမှစ၍ နေ့ချင်းပြီး ဆောင်ရွက်လျက်ရှိရာ ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ညနေ ၅ နာရီအချိန်တွင် ပေးအပ်ခဲ့ကြောင်း သိရသည်။
ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်လင်လေးတိုက်နယ်ဆေးရုံ ပြန်လည်ဖွင့်လှစ်နေမှု ကြည့်ရှုစစ်ဆေး
Dec 10,2025
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသခံပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် ဆေးရုံ၊ ဆေးပေးခန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် တာဝန်ရှိသူများလိုက်ပါလျက် ဒီဇင်ဘာ ၈ ရက်နေ့ မွန်းလွဲပိုင်းက လွိုင်လင်လေးမြို့၊ တိုက်နယ်ဆေးရုံပြန်လည်ဖွင့်လှစ်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးသည်။
စဉ့်ကိုင်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များအား ပန်းခင်းစီမံချက် (၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်
Dec 10,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဉာဏ်စိုးနှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များအနက်မှ နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းတွင် မပါရှိသူများအား ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းကို  မြို့မရပ်ကွက်၊ ရွှေစေတီဘုရားဝန်းအတွင်းရှိ ဓမ္မာရုံ၌ ဒီဇင်ဘာ ၈ ရက်နေ့နံနက်ပိုင်းက ဆောင်ရွက်‌ပေးခဲ့ကြသည်။
ကယားပြည်နယ်ဝန်ကြီးချုပ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး
Dec 10,2025
နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကယားပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးအစည်းအဝေးခန်းမ၌ ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ပြည်နယ်၊ ခရိုင်၊ မြို့နယ် ဝန်ထမ်းများနှင့်တွေ့ဆုံသည်။
အောင်မြေသာစံခရိုင်တွင် ရွေးကောက်ဆိုင်ရာ အသိပညာပေး (Billboard) စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ
Dec 10,2025
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်ရေးအတွက် “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲလှုံ့ဆော်မှု (Billboard) စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းအခမ်းအနားကို ဒီဇင်ဘာ ၈ ရက်က အောင်မြေသာစံမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ် နယ်နိမတ်အစပ်ရှိ ၁၉ လမ်းမကြီး မြို့ပတ်လမ်းထိပ်၌ ကျင်းပရာ အောင်မြေသာစံခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆွေ၊ ပုသိမ်ကြီးမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေလင်းထွန်းနှင့်အဖွဲ့ဝင်များ၊  အောင်မြေသာစံမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သန်းဇော်နှင့် ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် လူမှုရေးအသင်းအဖွဲ့များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။