သတင်းများ

ကလောမြို့နယ်၌ Football For School Program အစီအစဉ်ဖြင့် ဘောလုံးသင်တန်းဆင်းပွဲကျင်းပ
May 24,2026
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် အားကစားနှင့်ကာယညာဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ Football For School Program အစီအစဉ်ဖြင့် ဘောလုံးသင်တန်း ဆင်းပွဲကို မေလ ၂၂ ရက်နေ့ ည‌နေ ၄ နာရီက မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြဆရာနှင့် သင်တန်းသားများ တက်‌ရောက်ခဲ့သည်။
ပြည်ကြီးတံခွန်မြို့နယ်၌ လွှတ်တော် ကိုယ်စားလှယ်ဖလား U -13 ဘောလုံးပြိုင်ပွဲကျင်းပ
May 24,2026
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန် မြို့နယ်လွှတ်တော်ကိုယ်စားလှယ်များက ကြီးမှူး၍ ယမန်နေ့ နံနက် ၇ နာရီက ၅၆ လမ်း၊ ၁၂၇×၁၂၈ ကြားရှိ ထထ-၃၆၊ အားကစားကွင်း၌ လွှတ်တော်ကိုယ်စားလှယ်ဖလား U-13 ဘောလုံးပြိုင်ပွဲ ကျင်းပသည်။
ညောင်ဦးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၏ ပန်းတိုင်သီးနှံများ အထွက်နှုန်းကောင်းမွန်စေရန် နည်းပညာပေးဆောင်ရွက်
May 24,2026
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ပန်းတိုင်သီးနှံများ အထွက်နှုန်းတိုးတက်စေရေးနှင့် သဘာဝမြေဩဇာများ စနစ်တကျသုံးစွဲစေရေး ဟောပြောပွဲကို မေ ၂၃ ရက်၊ နံနက် ၉ နာရီအချိန်က မြေနဲလေးကျေးရွာ၊ ဘက်စုံသုံးခန်းမ၌ ပညာပေးဟောပြောဆွေးခြင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းယောင်းမြို့၌ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ
May 24,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဗလမင်းထင်ခန်းမ၌ ယမန်နေ့က ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနား ကျင်းပသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး ဟုမ္မလင်းမြို့ပေါ်ရှိ MSME လုပ်ငန်းရှင်များ၊ စိုက်ပျိုး/ မွေးမြူရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများရှိ တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲအခမ်းအနား တက်ရောက်
May 24,2026
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဟုမ္မလင်းခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများသည် မေလ ၂၃ ရက်၊ နံနက်ပိုင်းတွင် ဟုမ္မလင်းမြို့ပေါ်ရှိ MSME လုပ်ငန်းရှင်များ၊ စိုက်ပျိုး/ မွေးမြူရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
မုဒုံမြို့ရှိ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
May 24,2026
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်းပြိုင်နှင့် ဘလောက်ညောင်ဝိုင်းကျေးရွာ၌ ဆောင်ရွက်သည့် လုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။
သဲကုန်းမြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)လမင်းစီမံချက် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးခြင်း အခမ်းအနားကျင်းပ
May 24,2026
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးကကြီးမှူး၍ အသက်(၁၀)နှစ်ပြည့်ပြီးသည့် ကိုင်ဆောင်လက်မှတ် မရှိသူများအား နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းနှင့် unique ID နံပတ်ထုတ်ပေးခြင်းကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
လှိုင်းဘွဲမြို့၌ အခြေခံပညာအလယ်တန်းအဆင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်ဆိုင်ရာ မြို့နယ်အဆင့် သင်တန်းဖွင့်လှစ်ပို့ချ
May 24,2026
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်းကျောင်းများတွင် သင်ကြားမည့် အခြေခံပညာအလယ် တန်းအဆင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်ဆိုင်ရာ မြို့နယ်အဆင့် သင်ကြားပို့ချပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက လှိုင်းဘွဲမြို့ အထက်တန်းကျောင်း(ခွဲ) ၌ ဖွင့်လှစ်သင်ကြား ပို့ချပေးလျက်ရှိကြောင်း သိရသည်။