သတင်းများ

ရွှေတောင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်ဓာတ်ပုံပြပွဲနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Dec 05,2025
ကျောင်းသား၊ ကျောင်းသူလူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဟူသည့် ဗလငါးတန်နှင့်ပြည့်စုံစေရန်၊ နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးတက်စေရန်၊ တန်ဖိုးထားတက်စေရန်၊ အသိပညာ၊ အတက်ပညာများဖွံ့ဖြိုးတိုးတက်စေရန်၊ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်ဓာတ်ပုံပြပွဲ၊ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက မီးလောင်အုပ်စု အ.မ.က(ဝါးလည်)နှင့် ကြို့ကုန်းအုပ်စု အ.မ.က(ကြို့ကုန်း)တို့တွင် ကျင်းပပြုလုပ်ခဲ့သည်။
မြစ်သားမြို့နယ်တွင် မဲစာရင်းမှန်ကန်စေရေးတစ်အိမ်တက်ဆင်း မဲစာရင်းများတိုက်ဆိုင်စိစစ်ခြင်း လုပ်ငန်းများအရှိန်အဟုန်မြှင့်ဆက်လက်ဆောင်ရွက်
Dec 05,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများ နိုင်ငံသားအခွင့်အရေးများမဆုံး‌ရှုံးစေရန်အတွက် မဲစာရင်းမှန်ကန်စေရေးတစ်အိမ်တက်ဆင်း (DoortoDoor)  မြေပြင်ကွင်းဆင်းစာရင်းတိုက်ဆိုင်စစ်ဆေး ဆောင်ရွက်ခြင်းကို ဒီဇင်ဘာ ၄ ရက်နေ့တွင် အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။  
ပြင်ဦးလွင်မြို့နယ် Flying Colours ကိုယ်ပိုင်အထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေး စာပေဟောပြောပွဲ ကျင်းပ
Dec 05,2025
လူငယ်ကဏ္ဍကိုမြှင့်တင်စေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံ‌သော  လူငယ်များပေါ်ထွန်းလာစေရန်ရည်ရွယ်၍  မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်ရေးရာ အသိပညာပေး စာပေဟောပြောပွဲကို ယနေ့‌မွန်းလွဲ(၁)နာရီက Flying Colours ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့ ၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရန်အတွက် "ဒို့အတူတူမဲပေးကြမယ်" လက်ကမ်းစာစောင်များ ဖြန့်ဝေလျက်ရှိ
Dec 05,2025
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရန်အတွက် "ဒို့အတူတူမဲပေးကြမယ်" လက်ကမ်းစာစောင်ကို ယမန်နေ့ နေ့လယ် (၂) နာရီ၌ အမှတ် (၆) ရပ်ကွက်နှင့် အမှတ် (၇) ရပ်ကွက်အတွင်းရှိ ရပ်ကွက်နေပြည်သူများအား တာ၀န်ရှိသူများက လက်ကမ်းစာစောင်များ ဖြန့်ဝေလျက်ရှိသည်။
ကျောက်မဲမြို့နယ်တွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများ သင်တန်းဖွင့်ပွဲ ကျင်းပ
Dec 05,2025
ရှမ်းပြည်နယ်၊ ‌‌‌မြောက်ပိုင်းကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်တွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် ရပ်ကွက်/ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ အချိန်က မြို့ကျက်သရေဆောင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(မြောက်ပိုင်း)တာဝန်ခံ ဦးမြင့်ဦး၊  ကျောက်မဲခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဆွေဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးညွန့်‌ရွှေနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောက်မဲခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ဇေယျာသီရိမြို့နယ်၌ “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲဆိုင်ရာအသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေ
Dec 05,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲ ဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက လူစည်ကားရာနေရာများ၊ ရပ်ကွက်များနှင့်ဈေးများတွင် ဖြန့်ဝေပေးခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည် ဒေးဒရဲမြို့နယ်တွင် မဲစာရင်းများမှန်ကန်စေရေး (Door to Door) စနစ်ဖြင့် တစ်အိမ်တက်ဆင်းတိုက်ဆိုင်စစ်ဆေးမှုအား ကြည့်ရှုအားပေး
Dec 05,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အခြေခံအကျဆုံးဖြစ်သည့် မဲစာရင်းများ မှန်ကန်ရေး၊ နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့် အခွင့်အရေးပြည့်ဝစွာရရှိစေရေး၊ မဲပေးခြင်းသည် နိုင်ငံသားများ၏ အမျိုးသားရေး တာဝန်ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများသို့ သက်ဆိုင်ရာဌာနအလိုက်အဖွဲ့များခွဲကာ မြေပြင်လူဦးရေစာရင်းနှင့် မဲစာရင်းများအား တစ်အိမ်တက်ဆင်း (Door to Door) စနစ်ဖြင့် တိုက်ဆိုင်စစ်ဆေးမှုအား ယမန်နေ့ညနေ (၄) နာရီခွဲက ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်နှင့် တာဝန်ရှိသူများက အုန်းပင်ကျေးရွာသို့ ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မိုးနဲမြို့ မြို့မအ‌ခြေခံပညာအလယ်တန်းကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ
Dec 05,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် မြို့မအခြေခံပညာအလယ်တန်းကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါကျောင်းခန်းမနေရာတွင် ကျင်းပပြုလုပ်ခဲ့သည်။