အိမ်မဲမြို့နယ် ကျေးလက်လမ်းများဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး
Dec 05,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ခုဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး(ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျွဲလမ်း-ကမ်းနားထိန်ငူလမ်း ကွန်ကရစ် ခင်းခြင်း (၀/၂.၂) မိုင် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေတို့အား ဒီဇင်ဘာလ (၂) ရက်နေ့ မွန်းလွဲပိုင်းတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် ဦးကျော်ကျော်ထွေးက ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။