တန့်ယန်းမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ ပညာပေးလက်ကမ်းစာစောင်နှင့် ပိုစတာများ အခမဲ့ဖြန့်ဝေ
Aug 07,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၀ - ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ထုတ်ဝေထားသော အသိပညာပေး လက်ကမ်း စာစောင်နှင့် ပိုစတာများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းက မြို့မစျေးကြီးနှင့် ဗိုလ်ချုပ်လမ်းတို့တွင် အခမဲ့ ဖြန့်ဝေခဲ့ကြသည်။