ပုသိမ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Cash For Work စီမံကိန်းနှင့် (VRFP) ကျေးရွာမတည်စီမံကိန်း ရန်ပုံငွေ လွှဲပြောင်းပေးအပ်
Aug 07,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ပြည်သူ့ဝန်ဆောင်မှုရုံး ခန်းမတွင် ယမန်နေ့ နေ့လယ် ၁ နာရီက ပုသိမ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပြုလုပ်သော Cash For Work စီမံကိန်းနှင့် (VRFP) ကျေးရွာမတည် ရန်ပုံငွေ စီမံကိန်များအတွက် ရန်ပုံငွေလွှဲပြောင်း ပေးအပ်ပွဲပြုလုပ်ရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်သူထွေး၊ ပုသိမ်မြိူ့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရာဇာအေး၊ ပုသိမ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဌေးနိုင်နှင့် ဝန်ထမ်းများ၊ ပုသိမ်မြို့နယ်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူး များနှင့် ကျေးလက်မှကော်မတီဝင်များ တက်ရောက်ခဲ့ကြ သည်။