သတင်းများ

စေတုတ္တရာမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ကိုဗစ်-၁၉ အထူးချေးငွေ ကျပ်သိန်း(၁၉၀၀)ကျော် ထုတ်ချေးနိုင်ခဲ့
Aug 07,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ကိုဗစ်-၁၉ အထူးချေးငွေအနေဖြင့် တောင်သူဦးရေ(၁၁၂၉)ဦးအား ကျပ်သိန်း (၁၉၀၀)ကျော် ထုတ်ချေးနိုင်ခဲ့ကြောင်း သိရသည်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သိုင်းငင်းကျေးရွာ တီးတိန်-ကလေး ကားလမ်းအနီးတွင် မြေပြိုမှုဖြစ်ပွား
Aug 07,2020
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် ယမန်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သိုင်းငင်းကျေးရွာ တီးတိန်-ကလေး ကားလမ်းအနီး မိုင်တိုင် အမှတ် ၃၀/၂ နှင့် ၃၀/၃ အ​ကြားတွင် ပေ ၃၀၀ ခန့်မြေပြိုမှု ဖြစ်ပွားကြောင်း သိရသည်။
လှိုင်မြို့နယ်ရှိရပ်ကွက်များတွင် တစ်လနှင့်အထက်‌ နေထိုင်သူများ သတင်းပို့ရေးနှင့်မဲစာရင်းများလာရောက်ကြည့်ရှု​ရေး လိုက်လံနှိုးဆော်
Aug 07,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့ နယ်ရှိရပ်ကွက်များတွင်ရပ်ကွက် အတွင်း၌တစ်လနှင့်အထက်နေထိုင် သူများအားရပ်ကွက် အုပ်ချုပ်‌ရေးမှူးရုံးသို့ သတင်း‌​ပေးပို့ရန်နှင့်မဲစာရင်း များလာရောက်ကြည့်ရှူကြရန်ယမန်နေ့ နံနက်ပိုင်းကစ၍ လိုက်လံ၍
၂၀၂၀-၂၀၂၁ ပညာသင်နှစ် မြစ်ကြီးနားမြို့၌ အခြေခံပညာ အထက်တန်းကျောင်းများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပညာသင်ကြား
Aug 07,2020
၂၀၂၀- ၂၀၂၁ ပညာသင်နှစ် မြစ်ကြီးနားမြို့၌ အခြေခံပညာ အထက်တန်းကျောင်းများတွင် ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ် ကာကွယ် ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပညာသင်ကြားလျက် ရှိကြောင်း သိရှိရသည်။
ပလောက်မြို့၌ အထွေထွေရွေးကောက်ပွဲဆိုင်ရာသိကောင်းစရာများအကြောင်း အသိပညာပေး နံရံကပ်စာစောင် ပြသ
Aug 07,2020
(၂၀၂၀) ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲဆိုင်ရာသိကောင်းစရာများကို ပြည်သူများအလွယ်တကူသိရှိလိုက်နာဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နံရံကပ်ဘုတ်တွင် အသိပညာပေး ပြသ ဆောင်ရွက်ခဲ့သည်။
တနိုင်းမြို့နယ်တွင် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းကြေညာပြီး (၁၂) ရက်အတွင်း လာရောက်ကြည့်ရှု သူ (၇၂၀၅) ဦးရှိ
Aug 07,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာခြင်းကို (၁၂) ရက် အတွင်းပြည်သူများ စိတ်ဝင်စားစွာ လာရောက်ကြည့်ရှုကြောင်း သိရသည်။
ကျောင်းကုန်း၌ ဧရာဝတီဖောင်ဒေးရှင်းမှ အသက်ကယ်အင်္ကျီအထည် (၁၀၀)ထပ်မံလှူဒါန်း
Aug 07,2020
ဧရာဝတီဖောင်ဒေးရှင်းမှ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ဒေါင့်ကြီးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတွင် နေ့စဉ်စက်လှေဖြင့် တက်ရောက်ပညာသင် ကြားနေသော ကျောင်းသား/သူများအတွက် အသက်ကယ်အင်္ကျီလှူဒါန်းခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီ အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အေးချမ်းသာယာခန်းမ၌ ကျင်းပခဲ့သည်။
ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့၊ မြို့မဈေးရှေ့တွင် အာဖရိကဝက်အပြင်းဖျားရောဂါ (ASF) ပညာပေးပိုစတာ ဆိုင်းဘုတ် အား စိုက်ထူး
Aug 07,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင် သာယာရေးတို့ ပူးပေါင်း၍ အာဖရိကဝက်အပြင်းဖျားရောဂါ (ASF)ပညာပေးဆိုင်းဘုတ်အား ဟုမ္မလင်းမြို့၊ မြို့မဈေးရှေ့အဝင်ပေါက်ဝ၌ ယမန်နေ့(၈) နာရီခွဲ က စိုက်ထူးပေးခဲ့ကြကြောင်း သိရှိရသည်