သတင်းများ

တောင်ဥက္ကလာပမြို့နယ်တွင် အထက်တန်းအဆင့်ကျောင်းများ COVID-19ရောဂါကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက် များနှင့်အညီ ဖွင့်လှစ်ခြင်းရှိ၊မရှိ ရှောင်တခင်စစ်ဆေး
Aug 05,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ အမှတ်(၁) နှင့် အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းများအား COVID-19ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ခြင်းရှိ၊ မရှိကို ယနေ့နံနက်ပိုင်း၌ ရှောင်တခင် စစ်ဆေးခဲ့ကြောင်း သိရသည်။
ရွှေကူမြို့နယ်တွင် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းကြေညာပြီး ၁၁ ရက်အတွင်း လာရောက်ကြည့်ရှုသူ ၁၅၆၂၆ ဦးရှိ
Aug 05,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံအထွေထွေ ရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင် စာရင်းကပ်ထား ကြေညာခြင်းကို ၁၁ ရက်အတွင်း ပြည်သူများ စိတ်ဝင်စားစွာ လာရောက်ကြည့်ရှုပြီး မိမိအမည် မပါဝင်ခြင်းကို လျှောက်ထားခြင်း၊ ကန့်ကွက်လွှာ လျှောက်ထားခြင်း၊ အချက်အလက်များ မှားယွင်းနေမှုကို ပြန်လည်ပြင်ဆင်ခြင်းများ ပြုလုပ်လျက်ရှိသည်။
ဘောလခဲမြို့နယ် ကော်မရှင်အဖွဲ့ခွဲ အစည်းအဝေးကျင်းပ
Aug 05,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ် ကော်မရှင်အဖွဲ့ခွဲ အစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီက မြို့နယ်အထွေထွေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ခန်းမ၌ ကျင်းပသည်။
စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်တွင် ကျေးရွာမတည်‌ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကျင်းပ
Aug 05,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ယင်းမာပင်ခရိုင်၊ကနီမြို့‌ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါကာလ အတွင်း စီးပွား‌ရေးကုစားမှူအစီအစဉ်ဖြင့် မိသားစုဝင်​​ငွေ​တိုးပွားရေး လုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ကျေးရွာမ တည်ရန်ပုံ ငွေ စီမံကိန်းV​RFPရန်ပုံငွေ လွဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ဟင်္သာတမြို့နယ် ယုန်သလင်းတိုက်နယ်၌ (ပထမ)အကြိမ်ကြေညာထားမူ မြို့နယ်ကော်မရှင် အဖွဲ့ခွဲဝင်များ ကွင်းဆင်းစစ်ဆေး
Aug 05,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ် အခြေခံမဲစာရင်းများအား ယုန်သလင်းတိုက်နယ်တွင် ဇူလိုင်လ ၂၅ရက်နေ့မှ ဩဂုတ် ၇ ရက်နေ့အထိ( ၁၄)ရက်ကြာ မဲစာရင်းကြေညာထားရှိမူများကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များကကွင်းဆင်းကြည့်ရူစစ်ဆေးခဲ့သည်။
မချမ်းဘော့မြို့နယ်ပညာရေးရုံး ဝန်ထမ်းအိမ်ရာသစ် အဆောက်အအုံ ဖွင့်ပွဲကျင်းပ
Aug 05,2020
ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘော့မြို့နယ် မြို့နယ်ပညာရေးရုံး ဝန်ထမ်းအိမ်ရာသစ် အဆောက်အအုံဖွင့်ပွဲကို ယနေ့နံနက် ၁၁ နာရီတွင် အဆိုပါပညာရေးရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
သာကေတမြို့နယ်တွင် ကလေးငယ်များအားပုံမှန်ကြိုတင်ကာကွယ်ဆေးထိုးနှံတိုက်ကျွေး
Aug 05,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်အတွင်းရှိ မွေးကင်းစမှ အသက်(၁)နှစ် ခွဲအထိကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း၊ ကလေးငယ်များအားကိုယ် အလေးချိန်နှင့် ကျန်းမာရေးစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ