သတင်းများ

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် တိရစ္ဆာန်မွေးမြူထုတ်လုပ်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာပညာပေးသင်တန်းဖွင့်လှစ်
Aug 05,2020
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကျေးလက်ဒေသရှိ တစ်နိုင်တစ်ပိုင် မွေးမြူရေးလုပ်ကိုင်သူများ ကိုဗစ်-၁၉ ကာလအတွင်း စီးပွားရေးထိခိုက်မှု သက်သာရေး စီမံချက်(CERP)အရ ဖွင့်လှစ်သော ဝက်မွေးမြူရေးသင်တန်းကို ယနေ့နံနက်(၁၀)နာရီက တော်ကူးကျေး ရွာရှိ အမှတ်(၂)အခြေခံပညာမူလတန်းကျောင်း၌ ဖွင့်လှစ်သည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင်ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများဆောင်ရွက်
Aug 05,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မွေးကင်း စမှစ၍ အသက်(၁) နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းလုပ်ငန်းကို ယနေ့ နံနက်(၈)နာရီက အမှတ်(၃) ရပ်ကွက်၊ ဓမ္မာရုံကြီးတွင် ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခဲ့ကြောင်း သိရသည်။
COVID - 19 ကာလ စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် အတိုးနှုန်းသက်သာသည့် ချေးငွေများ ထုတ်ချေးပေးမည့် အစီအစဉ်များ ရှင်းလင်းဆွေးနွေး
Aug 05,2020
စီမံကိန်း၊ ဘဏ္ဏာရေးနှင့်စက်မှုဝန်ကြီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်မှ ကိုဗစ်-၁၉ ကြောင့် ထိခိုက်မှုရှိသော နိုင်ငံသားပိုင် စီးပွားရေးလုပ်ငန်းများအတွက် အတိုးနှုန်းသက်သာသည့် ချေးငွေ (Stimulus Package) ထုတ်ချေးပေးမည်ဟု မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အေးချမ်း သာယာခန်းမ၌ ယနေ့နံနက် ၁၀ နာရီတွင် ပြုလုပ်သည့် အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်းက ပြောသည်။
ရေတာရှည်တွင် COVID-19 ထိန်းချုပ်ရေးကာလအတွင်း ဆိုင်ထိုင်စနစ်ဖြင့်ရောင်းချနေသော စားသောက်ဆိုင်နှင့် လက်ဖက်ရည် ဆိုင်များအား ကွင်းဆင်းစစ်ဆေး
Aug 05,2020
ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်အတွင်း Covid-19 ထိန်းချုပ်ရေးကာလ၌ ဆိုင်ထိုင် စနစ်ဖြင့် ပြန်လည်ရောင်းချနေသော စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား
ကျေးသီးမြို့နယ်၌ အခြေခံပညာကျောင်းများအတွက် PPE ဝတ်စုံနှင့် အခြားကာကွယ်ရေး ပစ္စည်းများ အသုံးပြုနိုင်ရေးအတွက် အလှူငွေ ပေးအပ်လှူဒါန်း
Aug 05,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်အတွင်းရှိ အခြေခံပညာ (ထက်၊လယ်၊မူ) (၉၆)ကျောင်း အတွက် PPE ဝတ်စုံနှင့် အခြားကာကွယ်ရေးပစ္စည်း များအသုံးပြုနိုင်ရန် အလှူငွေ ပေးအပ်လှူဒါန်းခြင်းကို ယနေ့မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
မြဝတီမြို့နယ်အတွင်း မဲဆန္ဒရှင်စာရင်းကပ်ထားကြေညာထားမှုအပေါ် မှားယွင်းမှုမရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Aug 05,2020
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြည်သူများ သိရှိနားလည်စေရန် မြဝတီမြို့နယ်အတွင်းရှိ
အုတ်ဖိုမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် ထောက်ပံ့ငွေပေးအပ်
Aug 05,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်စား အိမ်ထောင်စုများ အတွက် ထောက်ပံ့ငွေများကို သြဂုတ်လ ၅ရက်နေ့ မှစတင်၍ ပေးအပ်လျက်ရှိကြောင်းသိရသည်။
ဖျာပုံမြို့နယ် အောက်ကွင်းကျေးရွာတွင် ကြက်မွေးမြူရေး (CERP)သင်တန်းဖွင့်လှစ်
Aug 05,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် အောက်ကွင်းကျေးရွာတွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ကြက်မွေးမြူရေး (CERP)သင်တန်းကို ယမန်နံနက် ၁၀ နာရီတွင် ဖွင့်လှစ်ခဲ့ပါသည်။