ကျောက်ဆည်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအောင်စာရင်းများအား ထုတ်ပြန်ကြေညာသွားတော့မည်ဖြစ်
Aug 05,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာရာတွင် ကိုဗစ်-၁၉ ကာလဖြစ်သောကြောင့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲများကို သတ်မှတ်ရက်တွင် ကြေညာပေးရာ၌ ယခင်နှစ်များကဲ့သို့ သက်ဆိုင်ရာအခြေခံပညာကျောင်းများတွင် ကြော်ငြာဘုတ်များဖြင့် ကြေညာခြင်းမပြုဘဲပညာရေးဝန်ကြီးဌာနမှ ထုတ်ကြေညာထားသည့် website များ ဖြစ်သည့် www.moe.gov.mm နှင့် www.myanmarexam.org တို့တွင် ဩဂုတ်လ (၉) ရက်၊ (၀၀:၃၀) နာရီအချိန်မှစတင်ပြီး ကြည့်ရှုနိုင်ပြီး မြန်မာ့အသံလေဒီယိုအစီအစဉ်နှင့် SKYNET Education Channel တို့မှလည်း နားထောင်ကြည့်ရှုနိုင်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သတင်းထုတ်ထားကြောင်း သိရှိရသည်။