သတင်းများ

မင်းတပ်မြို့၌ မိုးသည်းထန်စွာ ရွာသွန်းနေမှုကြောင့် မြူများအုံ့ဆိုင်းနေသဖြင့် ကား/ဆိုင်ကယ်များ သတိပြုသွားလာနေရ
Aug 04,2020
ချင်းပြည်နယ် မင်းတပ်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းနေမှုကြောင့်မြူများ အုံ့ဆိုင်းနေသဖြင့် လမ်းမကြီး တစ်လျှောက်တွင် ကား/ဆိုင်ကယ်များ အထူးသတိပြု သွားလာနေရကြောင်းသိရသည်။
ကျိုင်းတုံမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်ဆီးခဲ့သည့် နေအိမ်များအားထောက်ပံ့
Aug 04,2020
ရှမ်းပြနယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ပန်ကြူကျေးရွာအုပ်စု၊ နမ့်ဆီး(၄)၊ နမ့်ခတ်ကျေးရွာအုပ်စု၊ ကယ်ဝှက် ကျေးရွာတို့တွင် ဩဂုတ် ၃ ရက် နံနက် ၅ နာရီခန့်က လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းကြီး ကျောင်း ၁ ကျောင်းနှင့် နေအိမ် ၆ လုံး အမိုးလန်ပျက်ဆီးခဲပြီး လူနှင့်တိရစ္ဆာန် ထိခိုက်/ဒဏ်ရာ ရရှိမှုမ ရှိကြောင်းသိရသည်။
ထန်တလန်မြို့၌ မိခင်ဝိုင်းအသိပညာပေး သင်တန်းဖွင့်လှစ်
Aug 04,2020
ချင်းပြည်နယ်၊ ဟာခါးခရိုင်၊ ထန်တလန်မြို့၌ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ကလေးသူငယ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရေး ရည်ရွယ်လျက် ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနက ကြီးမှူး၍ ဖွင့်လှစ်သော မိခင်ဝိုင်းအသိပညာပေး သင်တန်းကို ယနေ့နံနက် ၉ နာရီခွဲက Thantlang Association Baptist Church Center (TABC) ၌ ကျင်းပပြုလုပ်သည်။
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ သီဟိုဠ်ရှင်ဘုရားကြီးအနီး ရေမြောင်းတူးရာမှ လိုဏ်ခေါင်းတွေ့ရှိ
Aug 04,2020
ပခုက္ကူမြို့၊ အမှတ်၁၄ ရပ်ကွက်၊ ရှေးဟောင်းသမိုင်းဝင်သီဟိုဠ်ရှင်မြတ်စွာဘုရားကြီးဝင်ထွက်သွားလာရာလမ်းဘေးတွင် ရေနုတ်မြောင်းတူးရာမှ လိုဏ်ခေါင်းတစ်ခု ယနေ့ နံနက် ၉နာရီခန့်က တွေ့ရှိကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ် ပရဟိတကွန်ရက်အဖွဲ့မှ နွားစာရှားပါးလျက်ရှိသောဒေသများရှိ တောင်သူများအား နွားစာအိတ်များလှူဒါန်း
Aug 04,2020
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်ရှိ မြို့နယ်လုံးဆိုင်ရာ ပရဟိတကွန်ရက်အသင်းကြီးမှ နွားစာရှားပါးသောဒေသများရှိ တောင်သူများအတွက် အထောက်အကူဖြစ်စေရန် နွားစာများလှူဒါန်းခြင်းကို ယမန်နေ့က မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ညောင်စောက်ကျေးရွာတွင်ပြုလုပ်ခဲ့ ကြောင်းသိရသည်။
ချီဖွေမြို့၌ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာပြီး (၁၀) ရက်အတွင်း ပြည်သူများ သွားရောက်ကြည့်ရှုလျက်ရှိ
Aug 04,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံ အထွေထွေရွေး ကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင် စာရင်းကပ်ထားကြေညာခြင်းကို (၁၀) ရက် အတွင်း ပြည်သူများ စိတ်ဝင်စားစွာ လာရောက်ကြည့်ရှုပြီး မိမိအမည်မပါဝင်ခြင်းကို လျှောက်ထားခြင်း၊ ကန့်ကွက်လွှာ လျှောက်ထားခြင်း၊ အချက် အလက်မှားယွင်းနေမှုကို ပြန်လည်ပြင်ဆင်ခြင်းများ ပြုလုပ်လျက်ရှိသည်။
၂၀၂၀-၂၀၂၁ ပညာသင်နှစ် မြို့နယ်အဆင့် စတုတ္ထတန်း(Grade-4) သင်ရိုးသစ် နောက်ဆက်တွဲ သင်တန်း ဖွင့်လှစ်ပို့ချ
Aug 04,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် အ.ထ.က ကျောင်း၌ ၂၀၂၀-၂၀၂၁ ပညာသင်နှစ် မြို့နယ်အဆင့် စတုတ္ထတန်း(Grade-4) သင်ရိုးသစ် နောက်ဆက်တွဲ သင်တန်းကို သြဂုတ် ၁ ရက်နေ့ နံနက် ၉ နာရီအချိန်မှ စ၍ ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။
နမ့်ဆန်၌ အသက်၆လမှ ၅နှစ်အောက်ကလေးများအား Vit Aနှင့် သန်ချဆေးတိုက်ကျွေးပေး
Aug 04,2020
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ဇယန်းကြီးကျေးရွာအုပ်စု ဇယန်းကြီး ကျေးလက် ကျန်းမာရေးဌာနမှ အသက်၆လမှ ၅နှစ်အောက်ကလေးများအား Vit Aနှင့် သန်ချဆေး တိုက်ကျွေးပေးခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်(၁၀)နာရီ ဆောင်ရွက်သည်။