သတင်းများ

လေပြင်းတိုက်ခတ်မှုကြောင့် အုန်းပင်လဲကျပြီး နေအိမ်နှစ်လုံးပျက်စီး
Aug 04,2020
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ကျောက်ဆည်ကျေးရွာတွင် ယမန်နေ့ ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်သဖြင့် အုန်းပင်လဲကျပြီး လူနေအိမ်နှစ်လုံးပျက်စီးခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်ရှိ ဘူတာသစ်ကျေးရွာနှင့် တဇန်းကျေးရွာတို့တွင် Cash For Work စီမံကိန်းကို ကျေးရွာလူထုကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်
Aug 04,2020
နိုင်ငံတော်အစိုးရကချမှတ်ထားသော ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှုအစီအစဉ် ကိုဗစ်-၁၉ Economic Relief Plan (CERP)အရ ကျေးလက်နေပြည်သူများ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲ များကို ကုစားနိုင်ရန်အတွက် ဂန့်ဂေါမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော Cash For Work စီမံကိန်းကို ခေါင်းတုံ ကျေးရွာအုပ်စု ဘူတာသစ် ကျေးရွာနှင့် တဇန်းကျေးရွာတွင် ကျေးရွာလူထုကိုယ်တိုင် အကောင်အထည် ဖော်ဆောင်ရွက်နေပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
မြောက်ဥက္ကလာပမြို့နယ် အ.မ.က (၃၃) ကျောင်းတွင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနား ကျင်းပ
May 16,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် အ.မ.က (၃၃) ကျောင်းတွင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ပညာရည်ချွန် ဆုပေးပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါ ကျောင်း၌ ကျင်းပခဲ့သည်။
စစ်ကိုင်းမြို့တွင် Sagaing Cinema ရုပ်ရှင်ရုံသစ် ဖွင့်ပွဲ ကျင်းပ
May 16,2020
စစ်ကိုင်းမြို့တွင် ပထမဆုံး Sagaing Cinema ရုပ်ရှင်ရုံသစ် ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ (၁)ရက် နံနက်(၉)နာရီအချိန်က အိုးဘိုရပ်ကွက်၊ အသင်္ခယာ အဝိုင်းပတ်အနီး စစ်ကိုင်း-မုံရွာ ကားလမ်းမကြီးဘေးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။