သတင်းများ

သရက်မြို့တွင်ကိုရိုနာဗိုင်းရပ်စ်ကြိုတင်ကာကွယ်နိုင်ရေး ပိုးသတ်ဆေးဖြန်းခြင်းဆောင်ရွက်
Mar 31,2020
မကွေးတိုင်းဒေသကြီး၊ သရက်မြို့တွင်ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုမရှိ‌စေရန်ကြိုတင် ကာကွယ်နိုင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင်ပြည်ပမှနေ ရပ်ပြန်များသီးခြားထားရှိသည့် အထက(၁)ရှိ စိန်ရတုခန်းမနှင့် ကျောင်းဝင်းအတွင်းပိုးသတ် ဆေးဖျန်းခြင်းလုပ်ငန်းဆောင်ရွက်ခဲ့သည်။
ဆောမြို့၌ ကိုရိုနာဗိုင်းရပ်(စ်) ရောဂါ COVID- 19 ကူးစက်ပြန့်ပွားမှုကို ကြိုတင်ကာကွယ်နိုင်ရေး ပိုးသတ်ဆေးဖြန်းခြင်း ဆောင်ရွက်
Mar 31,2020
ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကာကွယ်ထိန်းချုပ်ကုသနိုင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ဆောမြို့ အ-ထ-ကကျောင်း ရွှေရတုဆောင်၌ ပြည်ပမှ ပြန်လာသူများ ယာယီနေထိုင်လျက်ရှိသော (Facility Quaratine) နေရာများနှင့် လူစည်ကားရာနေရာတို့တွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ ပိုးသတ်ဆေးဖြန်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများအား ထင်းများဖြန့်ဝေပေး
Mar 31,2020
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ သစ်တောပြုန်းတီးမှု လျော့နည်း ကျဆင်းစေရန်နှင့် ပြည်သူများ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက် သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်တွင် ထိန်းသိမ်းခဲ့သော သဘာဝတော ထိန်းဧရိယာနှင့် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်တွင် ထိန်းသိမ်းခဲ့သော သဘာဝတောထိန်းဧရိယာများမှ ထွက်ရှိသော ထင်းများ အား ကျေးရွာနေပြည်သူများထံ ဖြန့်ဝေပေးခြင်းကို ယမန်နေ့ နံနက် ၈ နာရီခွဲက ပွင့်ဖြူမြို့နယ် ဆင်လူးကျေးရွာနှင့် အင်းကုန်းကျေးရွာအနီးရှိ သဘာဝတောထိန်းဧရိယာစိုက်ခင်းများ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်ဆည်ခရိုင် ရဲတပ်ဖွဲ့ဝန်ထမ်းများအား ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါကြိုတင် ကာကွယ်ရေး အတွက် ကျန်းမာရေးသုံး နှာခေါင်းစည်းများနှင့် စားသောက်ကုန် ပစ္စည်းများ ထောက်ပံ့ပေးအပ်
Mar 31,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ အစည်းအဝေးခန်းမတွင် ယနေ့ နံနက် (၁၀)နာရီက ခရိုင်ရဲတပ်ဖွဲ့ဝင် ဝန်ထမ်းများနှင့် မိသားစုဝင်များအား ကိုရိုနာဗိုင်းရပ်စ် ကြိုတင် ကာကွယ်သည့်အနေဖြင့် ကျန်းမာရေးသုံး နှာခေါင်းစည်းများနှင့် စားသောက်ကုန် ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
မိုးညှင်းမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက်
Mar 31,2020
တရုတ်နိုင်ငံမှ စတင်ဖြစ်ပွားခဲ့သည့် COVID-19 ရောဂါသည် ယခုအချိန်၌ တစ်ကမ္ဘာလုံး အတိုင်းအတာအရ ဖြစ်ပွားလျက်ရှိရာ မြန်မာနိုင်ငံတွင်လည်း အဆိုပါ ရောဂါဖြစ်ပွားသည့် လူနာများ တွေ့ရှိခဲ့သဖြင့် ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ကုသရေးကို အလေးပေး ဆောင်ရွက်လျက်ရှိရာ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက်မှုအနေဖြင့် ယနေ့နံနက်ပိုင်းတွင် လစာလာရောက် ထုတ်ယူသူများအား ကိုယ်အပူချိန်စစ်ဆေးပေးခြင်းနှင့် လက်ဆေးခြင်းများ ဆောင်ရွက်စေလျက် ရှိကြောင်း သိရသည်။
အလှူရှင်များမှ COVID-19 ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် အလှူငွေနှင့်ပစ္စည်းများလာရောက်လှူဒါန်း
Mar 31,2020
အလှူရှင်များမှ COVID-19 ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် ညောင်ဦးခရိုင်အဆင့်လုပ်ငန်းကော်မတီသို့ ညောင်ဦးမြို့နယ်အတွင်းရှိ စေတနာရှင်၊ အလှူရှင်၊ လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များ နှင့်ဌာန ဆိုင်ရာများမှ အလှူငွေများနှင့် ဆေးရုံသုံး ပစ္စည်းများ လှူဒါန်းခြင်းကို မတ်လ ၃၀ ရက်နေ့ ညနေ ၄နာရီခွဲအချိန်က ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် လာရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။
မင်းဘူးမြို့တွင် နေရပ်ပြန် (၁၇၉)ဦးအား နေ့စဉ်(၂)ကြိမ်နှုန်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှု အရှိန်အဟုန် မြှင့် ဆောင်ရွက်ပေးလျက်ရှိ
Mar 31,2020
မင်းဘူးမြို့၊ အ.ထ.က (၁) ကျောင်းနှင့် အ.ထ.က (၂) ကျောင်းတို့တွင် ပြည်ပမှ ပြန်လည် ရောက်ရှိလာသူ (၁၇၉)ဦးအား COVID-19 ရောဂါကြိုတင်ကာကွယ်၊ ထိန်းချုပ်နိုင်ရေးကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် မြို့နယ် ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ နေ့စဉ် (၂)ကြိမ်နှုန်းဖြင့် စဉ်ဆက်မပြတ် ကျန်းမာရေး စောင့်ရှောက်မှု အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
မတူပီမြို့သို့ ပြည်ပနိုင်ငံများမှ ရောက်ရှိလာသူများအတွက် ကြိုတင်ပြင်ဆင်မှုများ ဆက်လက်ဆောင်ရွက်
Mar 31,2020
ချင်းပြည်နယ်၊ မတူပီမြို့သို့ ပြည်ပနိုင်ငံများမှ ရောက်ရှိလာသူများကို ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြည်ပပြန်လာသူများနှင့် စောင့်ကြည့်လူနာများ ထားရှိ ရန်အတွက် မတူပီမြို့၊ အထက(၁)ကျောင်း၌ လူဦးရေ(၂၀)ဦးအတွက် နေရာကြိုတင် ပြင်ဆင်မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။