သတင်းများ

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် နွေရာသီ သောက်သုံးရေ ကူညီဆောင်ရွက်နိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Mar 15,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး လုပ်ငန်းများ အရှိန်မြှင့်တင် ဆောင်ရွက်ရေးနှင့် နွေရာသီသောက်သုံးရေ ပြတ်လပ်မှု ဖြစ်ပေါ်လာပါက ကူညီဆောင်ရွက်နိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။
ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အထိမ်းအမှတ် ပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Mar 15,2020
မြိုင်မြို့စည်ပင်သာယာဈေးတွင် ယနေ့ နံနက် ၈ နာရီခွဲအချိန်က ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အထိမ်းအမှတ်အဖြစ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စားသုံးသူဦးစီးဌာနက ထုတ်ဝေသော စားသုံးသူအခွင့်အရေးများနှင့် ပြန်လည်ကုစားခြင်းဆိုင်ရာ အချက် ၈ ချက်ပါ ပညာပေး လက်ကမ်းစာစောင်များကို
စေတုတ္တရာမြို့နယ် သံဆည်ကျေးရွာတွင် အာဖရိကဝက်အပြင်းဖျားရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်
Mar 15,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ အာဖရိကအပြင်းဖျားရောဂါ ကြိုတင်ကာကွယ် ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်(၈)နာရီ အချိန်တွင် သံဆည်ကျေးရွာ၌ ဟောပြောပွဲများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
လေးမျက်နှာမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 15,2020
ဧရာဝတီတိုင်းဒေသကြီး၊‌ ဟင်္သာတခရိုင်၊‌ လေးမျက်နှာမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက် ၉ နာရီအချိန်က ဖြန့်‌ဝေခဲ့ကြောင်း သိရသည်။
ဂန့်ဂေါတွင် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ လက်ကမ်းစာစောင်များဖြန့်ဝေ
Mar 15,2020
ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အဖြစ် ဂန့်ဂေါမြို့၊ မြို့မစျေးတွင် စားသုံးသူ ရေးရာဦးစီးဌာန ဂန့်ဂေါမြို့နယ်တာဝန်ခံ ဒေါ်စိုးယုဆွေဦးဆောင်၍ ယနေ့ နံနက်ပိုင်းက လက်ကမ်းစာစောင်များ ဖြန့်ဝေကြသည်။
မြဝတီမြို့၌ ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်
Mar 15,2020
ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားပြန့်နှံ့မှု အခြေအနေကြောင့် ထိုင်းနိုင်ငံ၊ မြန်မာနိုင်ငံဘက်သို့ ပြန်လာကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများနှင့် ဝင်ထွက်သွားလာသူများအား ထိုင်း-မြန်မာနှစ်နိုင်ငံ အဝင်/ အထွက် များ နယ်စပ်ဂိတ်များမှ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမရှိစေရန် ရောဂါများ စစ်ဆေးခြင်း၊ အဖျားတိုင်းတာခြင်း၊ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေး စစ်ဆေးခြင်း လုပ်ငန်းများကို နေ့စဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဒဂုံမြို့နယ်၌ ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ရေး အသိပညာပေး လုပ်ငန်း ဆောင်ရွက်
Mar 15,2020
ကိုရိုနာဗိုင်းရပ်စ် ပတ်သက်သည့် ပြည်သူများ လိုက်နာရမည့် ကျန်းမာရေး အသိပညာပေး စကားဝိုင်းကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးအီနွယ်လှိုင်ပူ၊ မြို့နယ်ပြည်သူကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာရွှေပြည်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်တာဝန်ရှိသူတို့ ပူးပေါင်း၍ ယမန်နေ့ ည ၈ နာရီအချိန်က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ကြောင်း သိရသည်။
ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများဆောင်ရွက်
Mar 15,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ဗန်းမောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေး ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း ကို ယနေ့နံနက် ၇ နာရီခွဲက မြို့မစည်ပင်သာယာဈေးနှင့် ခမိုးကားဝင်းယာဉ်ရပ်နားစခန်းနှင့် အပန်းဖြေ စခန်းတို့၌ ဆောင်ရွက်ခဲ့သည်။