သတင်းများ

လက်ပံတန်း မြို့မဈေးတွင် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အထိမ်းအမှတ် လက်ကမ်း စာစောင်များ ဖြန့်ဝေ
Mar 15,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ယနေ့တွင် ကျရောက်သော ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အထိမ်းအမှတ် အသိပညာပေး လက်ကမ်း စာစောင်များကို ယနေ့နံနက် ၉ နာရီက လက်ပံတန်း မြို့မဈေးတွင် ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
လွိုင်လင်မြို့၌ ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်
Mar 15,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအန္တရာယ်မှ ကာကွယ်ရေး လှုပ်ရှားမှုအဖြစ် ယနေ့ နံနက် ၇ နာရီတွင် ဒုတိယခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဇော်လင်း ဦးဆောင်သည့် မိခင်ကလေးဌာနမှ ကျန်းမာရေး ဝန်ထမ်းများ၊ မြို့မကျန်းမာရေးဌာနမှ ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများ၊ မာရီစတုတ် မြန်မာမှ တာဝန်ခံဆရာဝန် ဒေါက်တာသန်းထက်နှင့် ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မြို့မဈေးကြီးတွင် ဈေးရောင်း/ဈေးဝယ် များအား ပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် လူအများမြင်သာအောင် စတေကာများ ကပ်ခြင်း၊ အသံချဲ့စက်ဖြင့် ကြေညာခြင်းများကို ရှမ်း၊ ပအိုဝ်း၊ မြန်မာဘာသာများဖြင့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ်၌ကမ္ဘာ့စားသုံးသူများနေ့အထိမ်းအမှတ်လက်ကမ်းစာစောင်များဖြန့်ဝေ
Mar 15,2020
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် စည်ပင်သာယာဈေးအတွင်း၊ ဈေးအပြင်ရှိ ဒေသခံပြည်သူများအား ယနေ့နံနက် ၈ နာရီက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ ကမ္ဘာ့စားသုံးသူများနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခဲ့ကြသည်။
ဂန့်ဂေါမြို့နယ် အန်းတားကျေးရွာ၌ လေပြင်းဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်
Mar 15,2020
လူမှုဝန်ထမ်းဦးစီး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းမော်နှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ် ဦးစီးဌာနက ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့သည် မြို့နယ်အတွင်း ​လေပြင်းဘေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အန်းတားကျေးရွာ၌ မတ် ၁၂ ရက်နေ့နှင့် မတ် ၁၄ ရက်နေ့တို့တွင် စုစုပေါင်း လူနေအိမ်ခြေ  ၂၅ လုံးကို စိစစ်ဆောင်ရွက်ခဲ့ကြသည်။
ကြို့ပင်ကောက်မြို့တွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့လှုပ်ရှားမှုဆောင်ရွက်
Mar 15,2020
မတ်လ(၁၅)ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အဖြစ် သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်တွင် ကမ္ဘာ့စားသုံးသူ အခွင့်အ‌ရေးများနေ့ (WCRD Campaign) လှုပ်ရှားမှုအဖြစ် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို မြို့မစည်ပင်သာယာဈေးနှင့် လူစည်ကားရာနေရာ များတွင် ယနေ့ နံနက် ၉ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
စာရေးဆရာကြီး ဇေယျ၏ နှစ်(၁၂၀)ပြည့် အထိမ်းအမှတ် ဂုဏ်ပြုရုပ်တုဖွင့်ပွဲ မြန်မာ့မျက်ပွင့် စာကြည့်တိုက်တွင် ပြုလုပ်
Mar 15,2020
နိုင်ငံကျော်စာရေးဆရာကြီး ဇေယျ(ဦးယော)၏ နှစ်(၁၂၀) ပြည့်အထိမ်းအမှတ် ဂုဏ်ပြုရုပ်တု ဖွင့်ပွဲ အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ် ရန်ကုန်-ပြည်ကားလမ်းရှိ မြန်မာ့မျက်ပွင့် စာကြည့်တိုက်တွင် ယနေ့နံနက် ၉နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးမှ အုတ်ဖိုမြို့ နေအိမ်(၄)လုံမီးလောင်မှုတွင် မီးငြှိမ်းသတ်ခဲ့သော မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်
Mar 15,2020
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့လှုမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးမှ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့ အ-ထ-က ကျောင်းအနီး နေအိမ်(၄)လုံမီးလောင်မှုတွင် မီးငြိမ်းသတ်ခဲ့သော မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူ များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်း အခမ်းအနားကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀နာရီအချိန်က ကျင်းပခဲ့သည်။
ကျိုက်မ​ရောမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ မြို့နယ်စည်ပင်မှ ရေသည်ယာဉ်များဖြင့် သောက်သုံးရေများ ဖြန့်ဝေ
Mar 15,2020
​မော်လမြိုင်ခရိုင်၊ ကျိုက်မ​ရောမြို့နယ်အတွင်း ရှိ မြို့​ပေါ်ရပ်ကွက်များသို့ မြို့နယ်စည်ပင်သာယာ​ရေးအဖွဲ့ပိုင်​​ရေသည်ယာဉ် ၂ စီးနှင့်​ ဒေသခံပြည်သူများ စု​ပေါင်းလှူဒါန်းထား​သော မီးသတ်ယာဉ် ၁စီး တို့ဖြင့်​ ယ​​နေ့​ နံနက် ၁၀ နာရီက ​သောက်သုံး​ရေ ပြတ်လပ်​နေ​သော အတ္တရံရပ်ကွက်၊ ရှင်​စောပုရပ်ကွက်များရှိ ​ပြည်သူများထံအိမ်တိုင်ရာ​ရောက် လိုက်လံပို့​ဆောင်​ပေးလျက်ရှိ​ကြောင်းသိရသည်။