သတင်းများ

Covid-19ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ငမိုးရိပ်ရပ်ကွက်အတွင်း အစည်းအဝေးကျင်းပ
Mar 16,2020
Covid-19 ရောဂါ ကြိုတင်သတိပြုကာကွယ်နိုင်စေရန်အတွက် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်း မြို့နယ် ငမိုးရိပ်ရပ်ကွက် ဓမ္မာရုံတွင် ယမန်နေ့ ညပိုင်းက အစည်းအဝေး ကျင်းပခဲ့သည်။
ကျောက်ကြီးမြို့နယ် ကျွန်းပင်ဆိပ်ကျေးရွာ မီးဘေးသင့်အိမ်ထောင်စုဝင်များအား ထောက်ပံ့ပစ္စည်းပေးအပ်
Mar 16,2020
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် ကျွန်းပင်ဆိပ်ကျေးရွာ ရွှေဘုန်းဘက်စုံသုံးခန်းမ ဆောင်၌ ယမန်နေ့ ညနေ ၃ နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲဦးစီးဌာန တောင်ငူခရိုင်ရုံး ဦးစီးအရာရှိ ဦးအာကာကိုကို ဦးဆောင်ပြီး ဌာနရုံးဝန်ထမ်းများက ယမန်နေ့ နံနက် ၁ နာရီတွင် ကျွန်းပင်ဆိပ်ကျေးရွာရှိ မီးလောင်ဆုံးရှုံးသွားသည့် အိမ်ထောင်စုဝင်(၄)စု၊ လူဦးရေ(၂၃)ဦးအား ဆန်းဖိုးနှင့်အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၅၄၈၃၀၀)သိန်း၊ ပစ္စည်း(၁၉)မျိုးပါ ဘူးများအား တိုင်းဒေသကြီး အမှတ်(၁) လွတ်တော် ကိုယ်စားလှယ် ဦးစည်သူလွင်၊ ကျောက်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူတို့နှင့်အတူ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ပင်လုံမြို့၌ Covid -19 နှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်
Mar 16,2020
လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ ယနေ့ နံနက် ၉:၀၀ နာရီက ပင်လုံအရှေ့ကျေးရွာအုပ်စု နောင်လိုင့်ကျေးရွာ၌ Covid -19 အဆုတ်ရောင်ရောဂါနှင့် ပတ်သက်၍ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Mar 16,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခွင့်ပြုရန်ပုံငွေ ဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ကုန်ထုတ်လမ်းတံတား ဖောက်လုပ်ခြင်းအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ငွေလုံးငွေရင်း ခွင့်ပြရန်ပုံငွေ (၈၀ ဒဿမ ၄၆) သန်းဖြင့် တင်ဒါအောင်မြင်သည့်
ကောလင်းမြို့နယ်ရှိ ခမောက်တောင်တော် (၇၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ဘုရားပွဲတော် ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း
Mar 16,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ကောလင်းမြို့နယ်ရှိ ခမောက်တောင်တော်(၇၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကို နှစ်စဉ် တပေါင်းလပြည့်ကျော် ၇ရက်နေ့ (မတ်လ၁၅ရက်နေ့မှ ၁၁ရက်နေ့) အထိ ကျင်းပမြဲဖြစ်ရာ ကမ္ဘာတလွှား ဖြစ်ပွားလျက်ရှိသော(ကိုရိုနာဗိုင်းရပ်) ကူးစက်ရောဂါ မဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်သည့်အနေဖြင့် မြို့နယ် သံဃနာယက ဆရာတော်များ၊ အုပ်စု သံဃ နာယကဆရာတော်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ရှိ ရပ်မိ/ရပ်ဖနှင့် ခမောက်တောင်တော် ဂေါပကလူကြီးမင်းများ အားလုံးစုံညီ ညှိနှိုင်း တိုင်ပင်ချက်အရ ဘုရားပွဲတော်ရက်အား ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။
မင်းတပ်မြို့နယ်ရှိ ကျေးရွာချင်းဆက် ကျောက်ချောလမ်းခင်းခြင်းနှင့် မြေသားလမ်း တာချဲ့ခြင်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Mar 16,2020
မင်းတပ်မြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းခွင့်ပြု ရန်ပုံငွေဖြင့် နယ်စပ်ရေးရာ ၀န်ကြီးဌာန၊ ခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး၏ ကြီးကြပ်မှုအောက်၌ ဆောင်ရွက်လျက်ရှိသော စိချဲ့-ဘော(၃)လမ်း ၂မိုင် ကတ္တရာ ခင်းခြင်းလုပ်ငန်း ပြီးစီးမှုအခြေအနေကို ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်း၊ ခရိုင်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးမောင်ထူးနှင့် အဖွဲ့၀င်များက ယမန်နေ့ နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေး ခဲ့ကြသည်။
လွိုင်ကော်မြို့တွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ လှုပ်ရှားမှု WCRD Campaign ပြုလုပ်
Mar 16,2020
ပြည်သူတိုင်းသည်စားသုံးသူဖြစ်၍ စားသုံးသူတိုင်းသည် စားသုံးသူအခွင့်အရေးရှိကြောင်း ပိုမို ကျယ်ပြန့်စွာသိရှိစေပြီး မိမိတို့စားသုံးသူအခွင့်အရေးများကို တောင်းဆိုရယူတတ်စေရန် “ကုန်စည် လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက” ဆိုသည့်အတိုင်း ကုန်စည် ဝန်ဆောင်မှု ရယူရာတွင် မှန်ကန်စွာရွေးချယ်တတ်စေရန် ရည်ရွယ်၍ ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့လှုပ်ရှားမှု WCRD Campaign ကို ယမန်နေ့ နံနက် ၈ နာရီခွဲက လွိုင်ကော်မြို့၊ သီရိမင်္ဂလာစျေး၌ ပြုလုပ်ကျင်းသည်။
ကျန်းမာရေးဝန်ထမ်းများအတွက် ကူးစက်ရောဂါကာကွယ်ရေးဝတ်စုံ P.P.E နှင့်ဆက်စပ်ပစ္စည်းများ လှူဒါန်း
Mar 16,2020
Covid-19 ကူးစက်ရောဂါ ကာကွယ်ရေးအတွက် P.P.E နှင့် လက်သန့်စင်ဆေးရည်၊ နှာခေါင်းစည်းများပေးအပ်လှူဒါန်းပွဲကို မတ် ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က ရေတာရှည်မြို့နယ်၊ မြို့နယ်ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်အောင် ကအဖွင့်အမှာစကားပြောကြားသည်။