သတင်းများ

ဒေသဆိုင်ရာ ဧည့်လမ်းညွှန်အခြေခံသင်တန်း အမှတ်စဉ်(၄၉) သင်တန်းဖွင့်ပွဲ ဟားခါး၌ကျင်းပ
Feb 25,2020
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကူညီထောက်ပံ့မှုပေး၊ ချင်းပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီ၏ကြီးကြပ်မှု၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဒေသဆိုင်ရာ ဧည့်လမ်းညွှန်အခြေခံ သင်တန်းအမှတ်စဉ်(၄၉) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ဟားခါးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
တောင်တွင်းကြီး၌ တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၆၀၉၀)ဦး ဝင်ရောက် ဖြေဆိုမည်
Feb 25,2020
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံအတွင်း အ‌ခြေခံပညာကျောင်းများရှိ စာစစ်ဌာနများ၌ မတ်လ ၁၁ ရက်နေ့မှ စတင်၍ မတ်လ ၂၀ ရက်နေ့အထိ ကျင်းပမည်ဖြစ်ရာ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီး မြို့နယ်အတွင်းရှိ စာစစ်ဌာန(၁၁)ခု၌ တက္ကသိုလ်ဝင် စာမေးပွဲ ကျောင်းသား၊ ကျောင်းသူ ၆၀၉၀ ဦး ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
2019 Novel Corona Virus အန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Feb 25,2020
ယနေ့ကမ္ဘာနိုင်ငံတစ်ချို့တွင်ဖြစ်ပေါ်ကူးစက်ပျံ့ပွားလျက်ရှိသည့် 2019 Novel Corona Virus (အဆုတ်ရောင်) ကူးစက်ရောဂါ မြန်မာနိုင်ငံ ဒေသအသီးသီးသို့ ဝင်ရောက် ကူးစက်ပျံ့ပွားမှု မရှိစေရေး မြန်မာ-ထိုင်းနယ်စပ် အဝင်/အထွက်ဂိတ် ရှိသည့် ကော့သောင်းမြို့ ရေဆိပ်နှင့် ကားဂိတ်တို့တွင် ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်း၍ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ကျောက်မဲမြို့တွင် မီးလောင်ကျွမ်းမှုဖြစ်ပွား
Feb 25,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ အမှတ် (၉) ရပ်ကွက်၊ နယ်မြေ (၁၁)၊ ရွှေညောင်ပင် လမ်းကြားရှိ ဦးလင်းနောင်နေအိမ်သည် ယနေ့ နံနက် ၁၁ နာရီ ၄၀ မိနစ်က ထမင်းပေါင်းအိုး အပူလွန်ကဲရာမှ မီးလောင် ကျွမ်းမှု စတင်ဖြစ်ပွားခဲ့ပြီး ရပ်ကွက်နေပြည်သူလူထုနှင့် ခရိုင်/မြို့နယ် မီးသတ် တပ်ဖွဲ့မှ မီးသတ်ယာဉ် ၃ စီးဖြင့် အချိန်မီလာရောက်မီးငြိမ်းသတ်ခဲ့ခြင်းကြောင့် နေ့လယ် ၁၁ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် မီးငြိမ်း သတ်နိုင်ခဲ့သည်။
မုဒုံမြို့နယ်တွင် 2019 Novel Corona Virus အဆုတ်ရောင် ရောဂါကူးစက်ခြင်းနှင့် ပတ်သက်၍ ကာကွယ် တားဆီးရေး လုပ်ငန်းအသိပညာပေးဟောပြောပွဲပြုလုပ်
Feb 25,2020
ကျန်းမာရေးဦးစီးဌာန၊ မုဒုံမြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့် ကလေးစောင့် ရှောက်ရေး အသင်းတို့ ပူးပေါင်း၍ 2019 Novel Corona Virus အဆုတ်ရောင် ရောဂါကူးစက်ခြင်းနှင့် ပတ်သက်၍ ကာကွယ် တားဆီးရေး လုပ်ငန်းအသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်(၁၀) နာရီက စိုက်ပျိုးရေးဦးစီးဌာန၊ နှစ်ရှည်သီးနှံဌာန(ခွဲ)၊ စိုက်ကွက်အမှတ်(၃)တွင်ပြုလုပ်သည်။
အိမ်မဲမြို့နယ်တွင် Hi Jack မော်တော်ယာဉ် အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွား
Feb 25,2020
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ် သဖန်းပင်ဆိပ်ကျေးရွာအုပ်စု ကျိုက်ပိကျေးရွာ လမ်းခွဲအနီး၌ ယမန်နေ့ ညနေ ၄ နာရီ ၅၀ မိနစ်က HiJack မော်တော်ယာဉ် အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မင်းဘူးမြို့၊ မြို့မ‌‌ဈေးအတွင်း စားသုံးသူ အကာအကွယ်ပေးရေး အသိပညာပေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Feb 25,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် စာသုံးသူရေးရာ ဦးစီးဌာနမှ ဦးဆောင်၍ အခြားမိတ်ဖက် ဌာနများနှင့် ပူးပေါင်း၍ မင်းဘူးမြို့ မြို့မဈေးအတွင်း စားသုံးသူအကာအကွယ်ပေးရေး အသိပညာ ပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီ အချိန်က ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။