သတင်းများ

ဒက္ခိဏခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Feb 23,2020
စာအုပ်စာပေများဖတ်ရှုလေ့လာခြင်းဖြင့် ရရှိသည့်အတွေးအမြင် ဗဟုသုတများကို စာဖတ်သူအချင်းချင်း ဆွေးနွေးဖလှယ်နိုင်ရန်အတွက် ဒက္ခိဏခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟို ဌာန(Community Centre)ခန်းမ၌ ခရိုင်စာအုပ် စာစောင်ချစ်မြတ်နိုးသူများ အသင်း(Book Club)အဖွဲ့နှင့် စာပေ ဝါသနာရှင်များသည် ယနေ့နံနက် ၁၀ နာရီခွဲတွင် စာရေးဆရာ လူထုစိန်ဝင်း ရေးသားသည့် “အရှက်နှင့်တန်ဖိုး” စာအုပ်ကို စာဖတ်ဝိုင်းကျင်းပဆွေးနွေးသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများနှင့်ကလေးသူငယ်ဥပဒေဆိုင်ရာဆွေးနွေးပွဲ ကျင်းပ
Feb 23,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကျောက်ပန်းတောင်း-မိတ္ထီလာ ကလေးအခွင့်အရေးပူးပေါင်းဆောင်ရွက်သူများအဖွဲ့(Upper KMN) မှ ဦးဆောင်၍ ကလေးသူငယ်အခွင့်အရေးများနှင့်ကလေးသူငယ် ဥပဒေဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟို ဌာန (Community Centre) တွင်ကျင်းပခဲ့ကြောင်း သိရသည်။
မန္တလေး၊ ချမ်းအေး သာစံမြို့နယ်၊ ဒေးဝန်းနောက်ရပ်ကွက်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် သရုပ်ပြလေ့ကျင့်မှုများပြုလုပ်
Feb 23,2020
မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး၏ လမ်းညွှန်မှုဖြင့် မီးသတ်အန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် သရုပ်ပြလေ့ကျင့်မှုကို ယနေ့ နံနက် ၉ နာရီက မန္တလေး၊ ချမ်းအေး သာစံမြို့နယ်၊ ဒေးဝန်းနောက်ရပ်ကွက်တွင် ပြုလုပ်ခဲ့သည်။
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် နောက်ဖေးလမ်းကြားဥယျာဉ်နှင့် ကလေးကစားကွင်းဖွင့်ပွဲ ကျင်းပ
Feb 23,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖို့မြေရပ်ကွက်အတွင်းရှိ (၁၀၁) လမ်းတွင် “ လူချစ်နတ်ချစ် ၁၀၁ “ နောက်ဖေးလမ်းကြားဥယျာဉ်နှင့် ကလေးကစားကွင်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
မန္တလေးမြို့တွင် ပြည်သူ့စကားဝိုင်းကျင်းပ
Feb 23,2020
"လူငယ်နှင့်အားကစား" ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်၊ ကုသိုလ်တော် လမ်း ၊၆၅လမ်းနှင့်၆ ၆လမ်းကြားရှိ ထွန်းသစ်ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ယနေ့ နံနက် ၉ နာရီ က ကျင်းပပြုလုပ်သည်။
ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်
Feb 23,2020
ပေါက်ခေါင်းမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် စာပေဝါသနာရှင်များသည် စာရေးဆရာဖေမြင့် ရေးသားသည့် “စဉ်းစား ခြင်း” စာအုပ်ကို ယနေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည့်သူ့စာကြည့်တိုက်ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ ပြုလုပ်သည်။
ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်း ပြုလုပ်
Feb 23,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်း၍ စာရေးဆရာတက်တိုးဘာသာပြန်ရေးထားသည့် အင်ဗရာဟင်လင်ကွန်းစာအုပ်အား ဒုတိယအကြိမ်စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်လွဲ(၁)နာရီက ဘားအံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ပြုလုပ်ကြသည်။
မန္တလေး သတင်းလမ်းညွှန်
Feb 23,2020
▲ တရားရုံးသတင်းအချက်အလက်ရယူမှုဆိုင်ရာနားလည်မှုမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပမည် ▲ တရားရုံးသတင်းအချက်အလက် ရယူမှုဆိုင်ရာ နားလည်မှုမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကို မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ ဆာကူယာဟိုတယ်တွင် ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၉ နာရီတွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။