သတင်းများ

ပေါင်းတည်မြို့နယ်၌ ဒို့အတူတူ မဲပေးကြမယ် လက်ကမ်းစာစောင်များ ဖြန့်ဝေ
Dec 17,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးဆုစံနှင့်ဝန်ထမ်းများသည် ယနေ့ နံနက်ပိုင်းက ဒို့အတူတူ မဲပေးကြမယ် အသိပညာပေး လက်ကမ်းစာစောင်များကို ပြည်သူများအား ဖြန့်ဝေမှုလုပ်ငန်းဆောင်ရွက်ခဲ့ကြသည်။
ထားဝယ်တက္ကသိုလ်၌ “ဥပဒေဆိုင်ရာ အသိပညာပေးဟောပြောပွဲ အခမ်းအနား” ကျင်းပ
Dec 17,2025
ဥပဒေပညာ တိုးပွားစေရန်နှင့် မူပိုင်ခွင့်ဆိုင်ရာဥပဒေ၏ အရေးပါပုံ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေ၏ အရေးပါပုံများကို ကျောင်းသား၊ ကျောင်းသူများ၊ သိရှိနားလည်စေနိုင်ရန်နှင့် အသိပညာများတိုးပွားစေ ရန်ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းက “ဥပဒေဆိုင်ရာ အသိပညာပေး ဟောပြောပွဲ အခမ်းအနား”ကို တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ထားဝယ်တက္ကသိုလ်၊ ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။
ကျိုက်လတ်၌ Book Club နှင့် စာပေဝါသနာရှင်များပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပ
Dec 17,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့နံနက်ပိုင်းက Book Club နှင့် စာပေဝါသနာရှင်များ ပူးပေါင်း၍ စာရေးဆရာ မောင်သာချိုရေးသားသည့် "စိတ်ကစားခဲ့စဉ်က အရိပ်များ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။
ကလေးမြို့တွင် အမျိုးသမီးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍအကြောင်း အသိပညာပေး Talk Show ကျင်းပ
Dec 17,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  အမျိုးသမီးနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍအကြောင်း အသိပညာပေးဆွေးနွေးပွဲ Talk Showကို ယမန်နေ့မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန (Community centre)၌ ကျင်းပခဲ့သည်။
မြဝတီမြို့နယ်ရှိတောင်သူများအား ပန်းတိုင်အထွက်နှုန်း သတ်မှတ်ထားသည့် သီးနှံ (၁၀)မျိုးနှင့် စပ်လျဥ်း၍ စစ်တမ်းကောက်ယူခြင်းနှင့် ပန်းတိုင်အထွက်နှုန်းပြည့်မီရေးဆွေးနွေးပွဲကျင်းပ
Dec 17,2025
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ ကျေးရွာအုပ်စု ရှိတောင်သူများကို ပန်းတိုင်အထွက်နှုန်း သတ်မှတ်ထားသည့် သီးနှံ (၁၀)မျိုးနှင့်စပ်လျဥ်း၍ စစ်တမ်းကောက်ယူခြင်းနှင့်ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းဦး၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစံအောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးသန်းရွှေနှင့်ဖလူး၊ မဲ့ထော်သလေး၊ သင်္ဃန်းညီနောင်၊ မဲကနယ်ကျေးရွာအုပ်စုများရှိ တောင်သူများတက်ရောက်ခဲ့ကြသည်။
မြင်းခြံတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဒီဇင်ဘာလ အားကစားပြိုင်ပွဲများ ကျင်းပ
Dec 17,2025
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ မြင်းခြံတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဒီဇင်ဘာလ အားကစားပြိုင်ပွဲများကို ဒီဇင်ဘာ ၁၅ ရက်မှ၂၂ ရက်အထိ ကျင်းပလျက်ရှိသည်။
ရွာငံမြို့နယ်၌ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေ ထောက်ပံ့ ပေးအပ်
Dec 17,2025
ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌‌ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် ရွာငံမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက်(၁၀)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အောင်လံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပန်းတိုင်အထွက်နှုန်းသတ်မှတ်ထားသည့် သီးနှံ (၁၀)မျိုးနှင့်စပ်လျဉ်း၍ စစ်တမ်းများကောက်ယူ
Dec 17,2025
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပန်းတိုင်အထွက်နှုန်းသတ်မှတ်ထားသည့် သီးနှံ(၁၀)မျိုးနှင့်စပ်လျဉ်း၍ တောင်သူများအား ပန်းတိုင်ရည်မှန်းချက်/အထွက်နှုန်းမကောင်းရခြင်း အကြောင်းအရာများအား စစ်တမ်းကောက်ယူခြင်းလုပ်ငန်းများကို ယမန်နေ့ ညနေ ၃ နာရီက စတင်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။