သတင်းများ

ကလောမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြား နှင့် UID ကတ်များနေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်
Jun 08,2026
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများက ရက်(၁၀၀)အတွင်း လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ထုတ်ပေးခြင်းကို ဇွန်လ ၆ ရက်နေ့ နံနက်ပိုင်းမှစ၍ အမှတ်(၁)အခြေခံပညာအထက်တန်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မရမ်းကုန်းမြို့နယ်တွင် မြို့နယ်စာရေးဆရာအသင်း (Book Club) မှ “စကားလုံးများဖြင့် ကခုန်ခြင်း (စာတမ်း)” ခေါင်းစဥ်ဖြင့် စာ‌ဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်
Jun 08,2026
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာရေးဆရာအသင်းနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူအသင်း (Book Club) တို့ ပူးပေါင်း၍ “စကားလုံးများဖြင့် ကခုန်ခြင်း (စာတမ်း)” ခေါင်းစဥ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဇွန် ၆ ရက်နေ့ နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်သည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုပြည်သူ့စစ်မှုထမ်းတာဝန်ထမ်းဆောင်ပြီး ပြန်လည်​ရောက်ရှိလာသူများအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခြင်းနှင့် ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခြင်း အခမ်းအနား တက်ရောက်
Jun 08,2026
ပြည်သူ့စစ်မှုထမ်းအပတ်စဉ်(၁)နှင့်(၂)တို့တွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ကျေပွန်စွာထမ်း​ဆောင်ပြီး​နေရပ်သို့ ပြန်လည်​ရောက်ရှိလာ​သော ပြည်သူ့စစ်မှုထမ်းများအား ဂုဏ်ပြုုချီးမြှင့်ငွေပေးအပ်ခြင်းနှင့် ဂုဏ်ပြုညစာစားပွဲဖြင့်တည်ခင်းဧည့်ခံခြင်း အခမ်းအနားကို ဇွန် ၆ ရက်နေ့ ညနေပိုင်းက မကွေးမြို့၊ မြို့တော်ခန်းမ၌ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်ကိုကို၊ နယ်မြေခံတပ်နယ်မှအရာရှိကြီးများ၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ​နေရပ်ပြန်ပြည်သူ့စစ်မှုထမ်းများ တက်ရောက်ခဲ့ကြသည်။
ပခုက္ကူမြို့၌ (၃၂)ကြိမ်မြောက် သာသနာတော်ဆိုင်ရာ အစိုးရနိကာယ်စာမေးပွဲများ ကျင်းပ
Jun 08,2026
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ (၃၂)ကြိမ်မြောက် သာသနာတော်ဆိုင်ရာအစိုးရနိကာယ်စာမေးပွဲများကို အမှတ်(၁၅)ရပ်ကွက်၊ မြို့မလမ်းရှိ သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပသည်။
ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းဝေးကျင်းပ
Jun 08,2026
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဇွန် ၈ ရက်၊နံနက် ၉ နာရီက လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ကြောင်း သိရသည်။
မြိတ်မြို့ရှိ ပြည်သူများအား ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်များ ကွင်းဆင်းပြီးအခမဲ့ဆေးကုသ၍ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်
Jun 08,2026
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဦးဆောင်သော အထူးကုဆရာဝန်ကြီးများအဖွဲ့သည် အထက်ရေပုန်းရပ် ဘုရားသိမ် ဓမ္မာရုံတွင် ဇွန်(၇)ရက် မွန်းလွဲပိုင်းက ရေပုန်းရပ်ကွက်ရှိ ပြည်သူများအား ကွင်းဆင်းပြီး အခမဲ့ဆေးကုသ၍ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ဆောင်ရွက်ကြသည်။
ရက် ၁၀၀ စီမံချက်အရ ကျင်းပပြုလုပ်သည့်ရမည်းသင်းခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်‌ရေး‌ကော်မတီဥက္ကဋ္ဌ ဖလား အသက် ၂၁ နှစ်အောက် အမျိုးသား ဖိတ်ခေါ်‌ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Jun 07,2026
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်‌ရေး‌ကော်မတီဥက္ကဋ္ဌဖလား အသက် ၂၁ နှစ်အောက် အမျိုးသားဖိတ်ခေါ်‌ ဘောလုံးပြိုင်ပွဲကို ခရိုင်အားကစားကွင်းတွင် မေလ ၂၇ ရက်မှ ဇွန်လ ၆ ရက်နေ့အထိ ကျင်းပခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဇော်နိုင်ဦး သဘာဝမြေဩဇာ၊ ကော်ဖီပျိုးပင်များပေးအပ်ခြင်းနှင့် သဘာဝမြေဩဇာပြုလုပ်သုံးစွဲခြင်း ကွင်းသရုပ်ပြပွဲအခမ်းအနားသို့တက်ရောက်
Jun 07,2026
တနင်္သာရီတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ ထားဝယ်ခရိုင်အတွင်းရှိ အကျိုးဆောင်တောင်သူများအား သဘာဝမြေဩဇာ၊ ကော်ဖီပျိုးပင်များပေးအပ်ခြင်းနှင့် သဘာဝမြေဩဇာပြုလုပ်သုံးစွဲခြင်း ကွင်းသရုပ်ပြပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့နယ်၊အမှတ်(၄) အခြေခံပညာနှင့် စက်မှု၊စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းရှိ မိုးစပါးစိုက်ခင်းတွင် ကျင်းပသည်။