သတင်းများ

ဒဂုံမြို့နယ်၌ အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် အိမ်တိုင်ရာရောက် ထောက်ပံ့ငွေပေးအပ်
Mar 18,2020
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ လူမှုကာကွယ်စောင့် ရှောက်ရေးလုပ်ငန်းစဉ်အဖြစ် အသက်(၈၅)နှစ်နှင့် အထက်သက်ကြီး ဘိုးဘွားများအား (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ် ဇန်နဝါရီလ၊ဖေဖော်ဝါရီလနှင့် မတ်လအတွက် လူမှုရေး ပင်စင်ထောက်ပံ့ငွေပေးအပ်ခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ယောမင်းကြီးရပ်ကွက်၌ ယမန်နေ့ မွန်းလွဲ၂နာရီက သက်ကြီးဘိုးဘွား တစ်ဦးချင်းအလိုက် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများက အိမ်တိုင်ရာရောက် ပေးအပ်ကြောင်း သိရသည်။
ဝန်းသိုမြို့နယ် စာစစ်ဌာနနှစ်ခု၌ တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၁၃၀ ဦးရှိ
Mar 18,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဝန်းသိုမြို့နယ် အ.ထ.က ဝန်းသို စာစစ်ဌာနနှင့် အ.ထ.က ဂျိုးတောင်စာစစ်ဌာနတို့တွင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒနှင့် ဘောဂဗေဒ ဘာသာရပ် ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၁၃၀)ဦး ဖြေဆိုပြီးစီးခဲ့ကြောင်း သိရသည်။
မိုးနဲမြို့၌ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်
Mar 18,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများအနေဖြင့်  လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ခြင်းမခံရစေရန်နှင့် ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့ နံနက် ၈ နာရီခွဲအချိန်က ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်
ကိုရိုနာဗိုင်းရပ်စ်(COVID-19)ကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင်များဖြန့်ဝေ
Mar 18,2020
ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင် ကိုရိုနာဗိုင်းရပ်စ်ကြိုတင်ကာကွယ်ရေးအတွက် လက်ကမ်းစာစောင်များကို ယနေ့ နေ့လယ် ၁၂နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတို့တွင် ကျောင်းသူ ကျောင်းသားများအား ဖြန့်ဝေခဲ့ကြသည်။
ရပ်စောက်မြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းသား၊ ကျောင်းသူ ၂၅၆ဝ ဦး ဖြေဆို
Mar 18,2020
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပလျက်ရှိသော ၂ဝ၂ဝ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဆဋ္ဌမနေ့အဖြစ် ယနေ့ နံနက် ၉ နာရီက ရပ်စောက်မြို့ရှိ စာစစ်ဌာန (၉) ခုတွင် ဆက်လက် ကျင်းပသည်။
Mobile Laboratory Van (ရွေ့လျားဓာတ်ခွဲယာဉ်) ဖြင့် လှည့်လည်၍ စားသောက်ကုန် ရောင်းချဆိုင်များအား နမူနာကောက်ယူပြီး ချက်ချင်းဓာတ်ခွဲစမ်းသပ်စစ်ဆေး
Mar 18,2020
ကချင်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနနှင့် ခရိုင်အဆင့်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာများတို့ ပူးပေါင်း၍ အစားအသောက်များကို ဘေးအန္တရာယ် ကင်းရှင်းမှု ရှိ/မရှိကို Mobile Laboratory Van (ရွေ့လျားဓာတ်ခွဲယာဉ်) ဖြင့် ဗန်းမော်မြို့ရှိ စားသောက်ကုန် ရောင်းချဆိုင်များ၌ အစားအသောက် နမူနာကောက်ယူ၍ ချက်ချင်း ဓာတ်ခွဲ စမ်းသပ်စစ်ဆေးခြင်းကို ယနေ့နံနက် ၇ နာရီခွဲက ဗန်းမော်မြို့ အမှတ်(၁)ဈေးနှင့် ပေါက်ကုန်း ရပ်ကွက်ရှိ ကုက္ကိုလ်တော်ဈေး၌ စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ပုသိမ်မြို့တွင် COVID - 19 အသိပညာပေး ပိုစတာကပ်ခြင်း၊ လက်ကမ်းစာစောင်/ လက်​ဆေးဆပ်ပြာ ဖြန့်ဝေခြင်း၊ လက်ဆေးနည်း အသိပညာပေးခြင်းများ ဆောင်ရွက်
Mar 18,2020
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် COVID - 19 အသိပညာပေးပိုစတာကပ်ခြင်း၊ လက်ကမ်းစာစောင်/ လက်ဆေးဆပ်ပြာ ဖြန့်ဝေခြင်း၊ လက်ဆေးနည်း အသိပညာပေးခြင်း၊
မင်းဘူး(စကု) မြို့နယ်တွင် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ် (၉၃.၉၅) ရာခိုင်နှုန်း ဝင်ရောက်ဖြေဆို
Mar 18,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်တွင် စာစစ်ဌာန (၂၈) ခုရှိပြီး မင်းဘူး(စကု) မြို့နယ်တွင် စာစစ်ဌာန (၆) ခုဖြင့် ဆောင်ရွက်လျက်ရှိရာ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ယနေ့ နံနက် ၉ နာရီ အချိန်က စတင်ဖြေဆိုရာ ဖြေဆိုမှုရာခိုင်နှုန်း (၉၃.၉၅) ရာခိုင်နှုန်းရှိကြောင်း မင်းဘူးမြို့နယ် ပညာရေးမှူးရုံးမှ သိရှိရသည်။