သတင်းများ

တန့်ဆည်မြို့တွင် အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုး ရှိ/မရှိ အခမဲ့စစ်ဆေးပေး
Feb 24,2020
မြန်မာနိုင်ငံတွင် အသည်းရောဂါဖြစ်ပွားမှု၊ အသည်းရောဂါကြောင့် နောက်ဆက်တွဲရောဂါ ဖြစ်ပွားမှုနှင့် သေဆုံးမှု လျော့နည်းသွားစေရေး ရည်ရွယ်၍ တန့်ဆည်မြို့နယ် ပါရမီလူမှုကူညီရေးအသင်း နှင့် မြန်မာအသည်းဖောင်ဒေးရှင်း (ရွှေဘိုအသင်းခွဲ)တို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ဒေသခံ ပြည်သူများအား အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုး ရှိ/မရှိ အခမဲ့သွေးစစ်ခြင်းကို ယနေ့ မွန်းလွဲ (၁)နာရီ အချိန်က မြို့တော်ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ဒလမြို့နယ်၌ ရပ်ရွာလူထု ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်း တည်ဆောက်ရေး စီမံချက်၏ စီမံကိန်းလုပ်ငန်းစဉ်များမျှဝေခြင်း အခမ်းအနားကျင်းပ
Feb 24,2020
ရန်ကုန်တိုင်းဒေသကြီးဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနနှင့် Actionaid Myanmar တို့ ပူးပေါင်း၍ မြို့ပြဒေသရှိ ရပ်ရွာလူထုများအား ဘေးကင်း လုံခြုံစေရေး၊ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှု လျော့ပါးသက်သာစေရေးအတွက် ရည်ရွယ်၍ မြို့နယ်နှင့်ရပ်ကွက်/ကျေးရွာအုပ်စု ဘေးအန္တရာယ် စီမံခန့်ခွဲမှု ကော်မတီဝင်များ၏ ဒလမြို့နယ်၌ ဆောင်ရွက်ခဲ့သော ရပ်ရွာလူထု ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်း တည်ဆောက်ရေး စီမံချက်၏ စီမံကိန်းလုပ်ငန်းစဉ်များ မျှဝေခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် သီရိဇေယျနော်ရထာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း VDP မိတ်ဆက်ခြင်းနှင့် ဦးစားပေး လုပ်ဆောင်ရမည့်လုပ်ငန်းအတွက် ဆွေးနွေးပွဲကျင်းပ
Feb 24,2020
စစ်ကိုင်းတိုင်းဒေကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း၊ တမာကန် ကျေးရွာအတွက်ရရှိမည့် ကျေးရွာ ဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ်သိန်း (၁၀၀) အတွက် DVP မိတ်ဆက်ပေးခြင်းနှင့် ကျေးရွာအတွက် အဓိကလိုအပ်ချက်ကို ဦးစားပေး ရွေးချယ်တတ်စေရန်အတွက် ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၁ နာရီအချိန်က ရွာလယ် ဓမ္မာရုံတွင် ကျင်းပပြုလုပ်သည်။
ကိုရိုနာဗိုင်းရပ်စ်(COVID-19) ရောဂါနှင့် သွေးလှူရှင်များအကြောင်း သိကောင်းစရာဆိုင်ရာ ကျန်းမာရေး အသိပညာပေး ဟောပြောပွဲနှင့် သွေးစစ်ဆေးခြင်းများပြုလုပ်
Feb 24,2020
ကိုရိုနာဗိုင်းရပ်စ်(COVID-19) ရောဂါနှင့် သွေးလှူရှင်များအကြောင်း သိကောင်းစရာဆိုင်ရာ ကျန်းမာရေး အသိပညာပေး ဟောပြောပွဲနှင့် သွေးစစ်ဆေးစစ်ခြင်းများကို ယနေ့နံနက် ၁၀ နာရီက ပခုက္ကူတက္ကသိုလ်၊ ပင်မဆောင်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပ ပြုလုပ်သည်။
မန္တလေးမြို့တွင် အပြည်ပြည်ဆိုင်ရာ လက်ဖက်စာတမ်းဖတ်ပွဲကျင်းပ
Feb 24,2020
မန္တလေးတက္ကသိုလ်နှင့် မြန်မာနိုင်ငံ လက်ဖက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း တို့ ပူးပေါင်းကျင်းပသော အပြည်ပြည်ဆိုင်ရာ လက်ဖက်စာတမ်းဖတ်ပွဲဖွင့်ပွဲကို မန္တလေး တက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။
နန်းယွန်းမြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်းပြီး ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆွေးနွေးခြင်းဆောင်ရွက်
Feb 24,2020
ပြည်သူများဘဝ ဖွံ့ဖြိုးတိုးတက်စေရေး၊ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးကို ရည်ရွယ်၍ နန်းယွန်းမြို့နယ်၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်းပြီး ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို ယနေ့ နံနက် ၁၁ နာရီတွင် မြို့နယ်စုပေါင်းရုံး ခန်းမ၌ ဆောင်ရွက်သည်။
ပြည်သူပူးပေါင်းပါဝင်သော မြို့နယ်စီမံကိန်း ရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲ သံဖြူဇရပ်တွင် ဒုတိယအကြိမ် ကျင်းပ
Feb 24,2020
မော်လမြိုင်ခရိုင်၊ သံဖြူဇရပ် မြို့နယ်တွင် ပြည်သူပူးပေါင်းပါဝင်သည့် မြို့နယ်စီမံကိန်း ရေးဆွဲခြင်း အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် သံဖြူဇရပ်မြို့ မွန်ဓမ္မာရုံခန်းမ၌ ကျင်းပသည်။ ဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဒေါက်တာ သိန်းထွဋ်က အဖွင့်အမှာစကား ပြောကြားပြီး UNDP မှ မြို့နယ်တာဝန်ခံ ဒေါ်နှင်းနုရည်က ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာနှစ်အတွင်း UNDP မှ ပူးပေါင်းဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအကြောင်းကို ရှင်းလင်း ဆွေးနွေးသည်။
မကွေးခရိုင် လူထုအခြေပြုဗဟိုဌာန၌ အသံထွက်၍စာဖတ်ပြခြင်း သင်တန်းဖွင့်လှစ်
Feb 24,2020
အာဆီယံ - ကိုရီးယား၏ အတူစာဖတ်ကြစို့ ပူးတွဲစီမံကိန်းအရ စာဖတ်ပြပါ၊ အာဆီယံ - ကိုရီးယား စာအတူဖတ်စို့လား အစီအစဉ်အတွက် အသံထွက်၍စာဖတ်ပြခြင်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မကွေးခရိုင်ပြန်/ဆက် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။