သတင်းများ

လိုင်လင်းပီ၌ ပထမအကြိမ် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HPV) အခမဲ့ထိုးနှံ​ပေးရန်အတွက် စာရင်းကောက်ခံခြင်းဆောင်ရွက်
Aug 21,2020
ချင်းပြည်နယ်၊ လိုင်လင်းပီမြို့တွင် ပထမဆုံးအကြိမ် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HPV) အခမဲ့ထိုးနှံပေးရေးအတွက် ကြိုတင်အသိ​ပေး နှိုးဆော်ခြင်းနှင့် စာရင်းများ ကောက်ယူဆောင်ရွက်ခဲ့ကြရာ သတ်မှတ်ချက်များနှင့် အကျုံးဝင်သည့် အမျိုးသမီးငယ်များ စုစုပေါင်းလဦးရေ (၇၄)ဦး စာရင်းကောက်ခံရရှိကြောင်း ကျေးလက်ကျန်းမာရေးဌာနမှ သိရသည်။
တောင်ကြီးခရိုင်၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းခြင်းလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်
Aug 21,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူ့ စာကြည့်တိုက်သို့ မလာရောက်နိုင်သော စာဖတ်ဝါသနာရှင်များ စာအုပ်စာပေများ အလွယ်တကူရယူ ဖတ်ရှုနိုင်စေရန်၊ စာအုပ်စာစောင်ဖတ်ရှုမှု ပိုမိုမြင့်မားလာစေရန်အတွက် Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များငှားရမ်းပေးခြင်းကို တောင်ကြီးမြို့ရှိ ဌာနဆိုင်ရာများသို့ သွားရောက် ငှားရမ်း ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရသည်။
မြစ်သားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာများစတင်ထုတ်ပေးလျက်ရှိ
Aug 21,2020
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် သြဂုတ်လအတွက် ပင်စင်လစာများကို ယနေ့နံနက် (၇)နာရီခွဲအချိန်မှစတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မော်လမြိုင် (၁၀)မြို့နယ်ဆောင်ရှိ အသွားအလာကန့်သတ်ထားရှိမည့်နေရာတွင် ဝင်ရောက်နေသူများကို ကျန်းမာရေးစစ်ဆေး
Aug 21,2020
မွန်ပြည်နယ် မော်လမြိုင်(၁၀)မြို့နယ်ဆောင်ရှိ Community Based Facility Quarantine ဝင်ရောက်နေသူများထဲမှ (၁၄၇)ဦးကို ကျန်းမာရေးစစ်ဆေးမှုများ ယမန်နေ့ နေ့လယ်က ပြုလုပ် ဆောင်ရွက်ရာ Community Based Facility Quarantine ကွပ်ကဲရေး တာဝန်ရှိသူများ ကျန်းမာရေး ဌာနဝန်ထမ်းများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ ဘိုဘိုဝင်း(Rescue) အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ သားများ ကူညီဆောင်ရွက်ကြောင်း သိရသည်။
ကျီခါးမြို့၌ အရပ်ရပ်အခွင့်အရေး လုပ်ငန်းလိုင်စင်များအား ချိတ်ပိတ်တင်ဒါစနစ်ဖြင့် ရောင်းချပွဲကျင်းပ
Aug 21,2020
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ် အခွင့်အရေး လုပ်ငန်းလိုင်စင်များအား ချိတ်ပိတ်တင်ဒါ စနစ်ဖြင့် လေလံရောင်းချပွဲကို ယနေ့နံနက် (၁၀) နာရီ အချိန်က ကျီခါးမြို့စည်ပင်သာယာရေးအဖွဲ့ရုံး၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
ဇလွန်မြို့၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့် အညီဖွင့်လှစ်ခြင်း ရှိ/မရှိ ရှောင်တခင် ကွင်းဆင်းစစ်ဆေး
Aug 21,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ တည်းခိုခန်း များနှင့် စားသောက်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ခြင်း ရှိ/မရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများမှ ယနေ့ မွန်းလွဲ ၁ နာရီတွင် ကွင်းဆင်းစစ်ဆေးခဲ့​ကြောင်းသိရသည်။
ကော့ကရိတ်မြို့နယ်တွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်​ရေးအသိပညာ​ပေး Talk Show ​ဆွေး​နွေးခြင်းနှင့် နံရံကပ်စာ​စောင်ဓါတ်ပုံပြပွဲ ပြသ​ဆောင်ရွက်
Aug 21,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနတွင် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်​ရေးအသိပညာ​ပေး Talk Show​ ဆွေးနွေးပွဲနှင့် နံရံကပ်စာ​စောင်၊ ဓါတ်ပုံပြပွဲကို ယ​နေ့နံနက်ပိုင်းက အဆိုပါရုံး၌ ပြုလုပ်​ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။
ကျိုင်းတောင်း၌ မဲဆန္ဒရှင်စာရင်း အချက်အလက်များ မှန်ကန်ရေး ကွင်းဆင်းဆောင်ရွက်
Aug 21,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်နိုင်ရေး မဲဆန္ဒရှင်ပြည်သူများ မဲပေးခွင့်ရရှိနိုင်ရေးနှင့် ကျန်ရှိမှုမရှိစေရေးအတွက် မဲဆန္ဒရှင်စာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်းကို ယနေ့ ၉ နာရီခွဲအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။