သတင်းများ

ညောင်ရွှေမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု(၅၁၂၇)စုအား ဒုတိယအကြိမ် ငွေကျပ်(၁၀၂,၅၄၀,၀၀၀) ထောက်ပံ့ပေးအပ်
Aug 18,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများ၏ အိမ်ထောင်စုများအား ဒုတိယအကြိမ် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ (၁)နာရီက ညောင်ရွှေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
မြင်းခြံမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား (ဒုတိယအကြိမ်) ထောက်ပံ့ငွေများ ပေးအပ်
Aug 18,2020
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးကာလအတွင်း နိုင်ငံတော်မှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား (ဒုတိယအကြိမ်) တစ်အိမ်ထောင်စုလျှင် ငွေကျပ်နှစ်သောင်းနှုန်းဖြင့် ယမန်နေ့ နေ့လယ် ၂ နာရီ အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပေးအပ်ခဲ့သည်။
မြင်းခြံမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များကို ငွေကျပ်သုံးသောင်းစီ ထောက်ပံ့ပေးမည်
Aug 18,2020
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များအတွက် “ငွေဗိုက်” အက်ပလီကေးရှင်းကိုအသုံးပြုပြီး နိုင်ငံတော်မှ ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ကြေးပေးမည်ဖြစ်ကြောင်း ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။
မြိတ်မြို့နယ်၌ မဲဆန္ဒရှင်စာရင်း စိစစ်ရေးလုပ်ငန်းကော်မတီ ဖွဲ့စည်း
Aug 18,2020
မြိတ်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင်စာရင်းရရှိနိုင်ရန် မဲဆန္ဒရှင်စိစစ်ရေးလုပ်ငန်းကော်မတီကို ယမန်နေ့ နေ့လယ် (၁) နာရီအချိန်က ဥပဒေအထောက်အကူပြုရုံး (ပြည်သူ့ဝန်ဆောင်မှု ရုံးအပေါ်ထပ်)ခန်းမ၌ ဖွဲ့စည်းခဲ့သည်။
ဟိုပုံးမြို့နယ် နောင်ခုံးကျေးရွာသို့ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Aug 17,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ဟိုပုံးမြို့နယ်တွင်းရှိ ကျေးရွာများမှ ပြည်သူ များ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ၊ စာဖတ်ခြင်း အလေ့အထကောင်းများရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီ အချိန်က ဟိုပုံးမြို့နယ်၊ လွယ်အွန့် ကျေးရွာအုပ်စု၊ နောင်ခုံးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန မှ မြို့နယ်ဦးစီးမှူး နှင့် ဝန်ထမ်းများသည် နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲ၊ ဟောပြောပွဲနှင့် နယ်လှည့် စာကြည့်တိုက်လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
ဥတ္တရခရိုင်ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ဝိုင်း ဆောင်ရွက်
Aug 17,2020
ဥတ္တရခရိုင်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)မှ စာရေးဆရာ ယဉ်ကျေးဆု ၏ “ ဖိုးသီလ၏ သုတမှတ်စု” စာအုပ်အား စာရေးသူကိုယ်တိုင်ပါဝင်ဆွေးနွေးသည့် စာဖတ်ဝိုင်းကို ယနေ့မွန်းလွဲ ၁ နာရီခွဲက ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ စာကြည့်တိုက်တွင် ကျင်းပခဲ့သည်။
သီပေါမြို့နယ်တွင် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ဆောင်ရွက်
Aug 17,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၉)နာရီခွဲက ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများတွေ့ဆုံ၍ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ် ဆောင်ရွက်ခဲ့သည်။