သတင်းများ

ဟိုပုံးမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအတွက် စတုတ္ထအကြိမ် အိမ်တိုင်ရာရောက် ထောက်ပံ့ ငွေပေးအပ်
Aug 17,2020
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားစဉ်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ စားဝတ်နေရေး အဆင်ပြေ စေရန်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ဟိုပုံးမြို့နယ်တွင် အခြေခံ လူတန်းစားများအား နိုင်ငံတော်အစိုးရက စတုတ္ထအကြိမ်ထောက်ပံ့ သည့် ထောက်ပံ့ငွေများကို ယနေ့ နံနက် ၁၀ နာရီ အချိန်မှစတင်၍ ပေးအပ်ခဲ့ကြောင်း သိရသည်။
လဲချားမြို့နယ်တွင် Mobile Library စနစ်ဖြင့် စာအုပ်၊စာစောင်များ ငှားရမ်းပေးခြင်းဆောင်ရွက်
Aug 17,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် Mobile Library စနစ်ဖြင့် စာအုပ်၊စာစောင်များ ငှါးရမ်းပေးခြင်းကို ယနေ့နေ့လည် ၂နာရီအချိန် က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ က သွားရောက်ငှါးရမ်း ဆောင်ရွက်ပေးခဲ့သည်။
ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ကမ်းပါးပြိုနေခြင်းကြောင့် အန္တရာယ်ရှိနေအိမ်အားရွှေ့ပြောင်း
Aug 17,2020
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံနယ်မြေ၊ တောင်ရွာနောင်အုပ်စု၊ အောင်ဇေယျာလင်းကျေးရွာ ဧရာဝတီမြစ်ရေတိုက်စားမြစ်ကမ်းပါးပြိုကျ နေခြင်းကြောင့် လူနေအိမ်အား ညောင်ဦးခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များမှ ယနေ့နံနက်ပိုင်းမှစတင်ကာ ကူညီရွှေ့ပြောင်းပေးနေကြောင်း ညောင်ဦးမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူက ပြောသည်။
မိုင်းရယ်မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်း
Aug 17,2020
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ရက်နေ့တွင် ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် နိုင်ငံတကာ စံချိန် စံညွှန်းများနှင့်အညီ ပွင့်လင်းမြင်သာစွာ ကျင်းပပြုလုပ်သွားနိုင်ရန်အတွက် မြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ် ညှိနှိုင်းရေးကော်မတီကို ယနေ့နေ့လယ် (၁)နာရီက မိုင်းရယ် မြို့နယ် ရွေး ကောက်ပွဲ ကော်မရှင် အဖွဲ့ ခွဲရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
ဆိပ်ဖြူမြို့၊ ပဒေသာလမ်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးအစိုးရ၏ အထွေထွေပိုလျှံ ရန်ပုံငွေဖြင့် ကွန်ကရစ် လမ်းခင်းခြင်း ဆောင်ရွက်
Aug 17,2020
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ကြီးကြပ်ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးအစိုးရ၏ အထွေထွေပိုလျှံရန်ပုံငွေဖြင့် ပဒေသာလမ်းကို ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။
မိုးကောင်းမြို့နယ် ထုံးရေပေါက်ကျေးရွာ၌ နယ်လှည့်စာကြည့်တိုက်၊ တိုင်းရင်းဆေးကုသခြင်းများ ကွင်းဆင်းဆောင်ရွက်
Aug 17,2020
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ထုံးရေပေါက်ကျေးရွာ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ၁၆ ကုတင်ဆံ့တိုင်းရင်းဆေးရုံတို့က ယနေ့နံနက် ၁၀ နာရီတွင် နယ်လှည့် စာကြည့်တိုက်၊ တိုင်းရင်းဆေးကုသခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်းကင်းမြို့ အမှတ်(၃) ရပ်ကွက် ကင်းဦး မြစ်ကမ်းဘေး ကွန်ကရစ်လမ်းခင်း
Aug 17,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့ အမှတ်(၃)ရပ်ကွက် ကင်းဦ: မြစ်ကမ်းနံဘေး လမ်းအား ကွန်ကရစ်ခင်းခြင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်နေ ကြောင်း သိရှိရသည်။
လယ်ဝေးမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများ ထပ်မံပေးအပ်
Aug 17,2020
နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလတွင် ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများ အဆင်ပြေရန်အလို့ငှာ တတိယအကြိမ် ထောက်ပံ့ငွေများကို ယမန်နေ့ နံနက်ပိုင်းမှစ၍ လယ်ဝေးမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများက အိမ်အရောက်သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။