သတင်းများ

နတ်တလင်းမြို့တွင် ကိုဗစ်-၁၉ ကာလအတွင်း ကျေးလက်ဒေသမှ စာဖတ်သူများ စာပေဖတ်ရှုစေရေး စာအုပ်စာစောင်များဌားရမ်းပေးအပ် အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်း ကွင်းဆင်း ဆောင်ရွက်
Aug 13,2020
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလအတွင်း ကျေးလက်ဒေသမှ
ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်စပ်ဂိတ်များမှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ (၁၂၅)ဦးအား လားရှိုးမြို့မှတစ်ဆင့် မီးရထားခရီးစဉ်ဖြင့် ထပ်မံပို့ဆောင်ပေး
Aug 13,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နှင့် ချင်းရွှေဟော်မြို့များရှိ နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား လားရှိုးမြို့မှတစ်ဆင့် မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးသို့ စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိပါသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အသက် ၆ လ မှ ၅ နှစ်အထိ ကလေးများအား ဗီတာမင်အေဆေးလုံး တိုက်ကျွေး
Aug 13,2020
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် (၄၁)ရပ်ကွက်၊ (၅၀)ရပ်ကွက်နှင့် (၄၁)ရပ်ကွက်တို့တွင် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်အနေဖြင့်  ရပ်ကွက်များရှိ အသက် ၆ လမှ ၅ နှစ်အထိ ကလေးငယ်များအား ကလေးများ ပုံမှန်ကြီးထွားဖွံ့ဖြိုးရေးနှင့် အမြင်အာရုံများကောင်းမွန်စေရန်ရည်ရွယ်၍ ဗီတာမင်အေ တိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှိုင်မြို့နယ်တွင် ခြင်ထောင်ဆေးစိမ်ခြင်းလုပ်ငန်းနှင့် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်
Aug 13,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် ယမန်နေ့ နံနက် ၈ နာရီကစ၍ မြို့နယ် ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီ ဝန်ထမ်းများသည် လှိုင်မြို့နယ်အမှတ်(၂)ရပ်ကွက်၊ ဦးစလမ်းတွင် မိုးရာသီသွေးလွန် တုပ်ကွေးရောဂါမှ ကာကွယ်ရန်အတွက် ခြင်ထောင်(၁၅)လုံးအား ဆေးစိမ်ခြင်း၊ အုတ်ရေကန်(၁၀)ကန်၊ ရေတိုင်ကီ(၄၀)လုံး၊ အိမ်​ခြေ စုစုပေါင်း (၆၀)အိမ်တို့အား အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများနှင့် ခြင်များ၊ ပိုးလောက်လမ်းများ မပေါက်ဖွားစေ ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်းလုပ်ငန်းများအား ရပ်ကွက်အလိုက် အပတ်စဉ် ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သတင်းရရှိသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၁)ရပ်ကွက်တွင် အခြေခံလူတန်းစားအိမ်ထောင်စုများအား နိုင်ငံတော် မှ  ထောက်ပံ့ငွေများပေးအပ်
Aug 13,2020
Covid-19 ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား နိုင်ငံတော်အစိုးရမှ ဒုတိယအကြိမ်ထောက်ပံ့ငွေအဖြစ် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် နှစ်သောင်း ကျပ်စီ ထောက်ပံ့ပေးအပ်မည်ဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် မြို့နယ်အတွင်းရှိ ရပ်ကွက်(၂၇) ရပ်ကွက်တွင် အိမ်ထောင်စု (၁၀၃၅၄)စု မအား ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနဝန်ကြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ
Aug 13,2020
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် ရာဇဂြိုဟ်ကျေးရွာအနီးရှိ နတ်မြောင်းချောင်းသည် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ချောင်းတာရိုးကျိုးကျမှုဖြစ်ပွားခဲ့ရာ ထိခိုက် ပျက်စီးသွားသော လယ်မြေများ၊ ချောင်းမြောင်းအားပြန်လည်ပြုပြင်နိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဝန်ကြီး ဦးကမ်ဇာမုံနှင့် တာဝန်ရှိသူများက ဒေသခံတောင်သူများနှင့် ယမန်နေ့မွန်းလွဲပိုင်းက ရာဇဂြိုဟ်ကျေးရွာ မင်းကျောင်းတိုက်တွင် တွေ့ဆုံခဲ့ကြကြောင်းသိရသည်။
ရွှေတောင်မြို့နယ်တွင်ဧရာဝတီမြစ်ရေလျော့နည်းလာသဖြင့်အိမ်ထောင်စုအချို့နေအိမ်များသို့ပြန်လည်ပြောင်းရွေ့
Aug 13,2020
ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ဇူလိုင်၁၄ရက်မှသြဂုတ်၄ရက်နေ့ထိဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့်ရပ်ကွက်(၃)ရပ်ကွက်နှင့်ကျေးရွာအုပ်စု (၂)အုပ်စုတို့တွင်အိမ်ခြေ(၁၈၅)အိမ်၊အိမ်ထောင်စု(၁၈၇)စု လူဦးရေ(၇၁၈)ဦးတို့မှာရေဘေးလွတ်ရာနေရာများသို့ပြောင်းရွေ့နေထိုင်ခဲ့ကြရကြောင်းသိရသည်။
လမ်းမတော်မြို့နယ်တွင် အသက်(၆)လမှ (၅)နှစ်အောက် ကလေးငယ်များအား ဗီတာမင်အေနှင့် သံချဆေး တိုက်ကျွေး
Aug 13,2020
ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အမှတ်(၆)၊(၉) ရပ်ကွက်များရှိ အသက်(၆)လမှ(၅)နှစ်အောက်ကလေးငယ်များအား ဗီတာမင်အေနှင့် သံချဆေး တိုက်ကျွေးခြင်းကို ယနေ့နံနက် (၁၀)နာရီတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။