သတင်းများ

စစ်ကိုင်းမြို့၌ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုများအား နိုင်ငံတော်မှပေးအပ်သည့် ထောက်ပံ့ငွေများကို လက်ဝယ်ပေးအပ်ရန်အတွက် ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူး များအား ပြန်လည်ထုတ်ပေး
Aug 13,2020
ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်စပ်လျဉ်း၍ အရေးကြီးကာလအတွင်း ပုံမှန်ဝင်ငွေမရှိ သည့်အခြေခံလူတန်းစားအိမ်ထောင်စုများအား နိုင်ငံတော်မှထောက်ပံ့ပေးအပ်သည့် အိမ်ထောင် စုတစ်စုရရှိငွေ(၂၀၀၀၀)ကျပ်စီအား ပြန်လည်ထုတ်ပေးနိုင်ရန်အတွက် ယနေ့ နံနက် (၉)နာရီခွဲက မြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ မြို့နယ်အတွင်းရှိ သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးများသို့ ပြန်လည်ထုတ်ပေးခဲ့ကြောင်းသိရသည်။
မဲဆန္ဒရှင်စာရင်း စိစစ်ရေး လုပ်ငန်းကော်မတီများ ဖွဲ့စည်းရန်နှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီဖွဲ့ စည်းရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်
Aug 13,2020
ဟင်္သာတမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အတွက် မဲဆန္ဒရှင်စာရင်း စိစစ်ရေး လုပ်ငန်းကော်မတီ ဖွဲ့စည်းရန်နှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီဖွဲ့ စည်းရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက အဆိုပါရုံးအစည်း အဝေး ခန်းမတွင် ကျင်းပပြုလုပ်သည်။
သက်တမ်းလွန် ဆေးဝါးများနှင့် အလှကုန်ပစ္စည်းများ ရောင်းချမှု မရှိစေရေး ကွင်းဆင်းစစ်ဆေး
Aug 13,2020
Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကာလအတွင်း ချင်းပြည်နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မွန်မွန်ခိုင် (ဆေးဝါးဓာတ်ခွဲ) ဦးဆောင်၍ ပူးပေါင်းကော်မတီအဖွဲ့တို့သည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များ နှင့်အညီ နှာခေါင်းစည်းMaskများ၊ လက်အိတ်များကို စနစ်တကျတပ်ဆင်၍ ယနေ့နံနက် ၉ နာရီခွဲအချိန်က ဟားခါးမြို့ပေါ် ရပ်ကွက်များရှိ ဆေးဆိုင်များနှင့် အလှကုန်ပစ္စည်းအရောင်း ဆိုင်များသို့ ရောက်ရှိပြီး စျေးကွက်အတွင်း မြန်မာနိုင်ငံတွင် မှတ်ပုံတင်မထားသည့် ဆေးဝါးများနှင့် အလှကုန်ပစ္စည်းများ၊ ဌာနမှထုတ်ပြန် ထားသည့် သုံးစွဲရန်မသင့် အလှကုန်ပစ္စည်းများနှင့် သက်တမ်းလွန် ဆေးဝါးများ ရောင်းချမှု မရှိစေရေး ကွင်းဆင်းစစ်ဆေး ခဲ့ကြကြောင်း သိရသည်။
မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းဆင့်ကျောင်းများ ဖွင့်လှစ်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနည်းလမ်းများနှင့်အညီ စီစဉ်ဆောင်ရွက်ထားခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Aug 13,2020
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့ ၂၀၂၀-၂၀၂၁ ပညာသင်နှစ် အခြေခံပညာအထက်တန်းကျောင်းများ ဖွင့်လှစ်ရာတွင် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး နည်းလမ်းများနှင့်အညီ စီစဉ်ဆောင်ရွက်ထားရှိခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် (၉)နာရီ အချိန်ခန့်က ကျေးသီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးမြင့်ဝေ၊ မြို့နယ်ပညာရေးမှူး ဒေါ်နန်းစံခမ်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ဖျာပုံခရိုင်၌  ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်တင်သွင်းလွှာများ တတိယနေ့စစ်ဆေး
Aug 13,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် ယနေ့နံနက်(၁၀)နာရီမှစတင်၍ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖျာပုံခရိုင်အတွင်း ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည် တင်သွင်းလွှာများ စိစစ်ခြင်းကို ဖျာပုံခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းဝေးခန်းမ၌ တတိယနေ့အဖြစ် စိစစ်သည်။
ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်အတွင်းရှိ တည်ဆောက်ရေးလုပ်ငန်းများ တာဝန်ရှိသူများကွင်းဆင်း စစ်ဆေး
Aug 13,2020
ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်တွင် ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်၌ ပြည်ထောင်စုနှင့် တိုင်းဒေသကြီးအစိုး ရငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက် သည့် တည်ဆောက်ရေး လုပ်ငန်းများ ရာနှုန်းပြည့်နီးပါးပြီးစီးပြီဖြစ်၍ အဆိုပါလုပ်ငန်းများ ကို အမျိုးသား လွှတ်တော် ကိုယ်စား လှယ် ဦးပြူးလွင်၊ ခရိုင်တည်ဆောက်ရေး လုပ်ငန်းများစိစစ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ် ရေးမှူး ဦးကျော်မင်းညို နှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စား လှယ်(ထီးလင်း) ဒေါ်ယဉ်ယဉ်အောင်၊ခရိုင်နှင့်မြို့နယ်အဆင့် တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်း စစ်ဆေးကြ ကြောင်း သိရသည်။
ဂန့်ဂေါခရိုင်၊ ဆောမြို့တွင် စီမံခန့်ခွဲမှု အထောက်အကူပြု ကျန်းမာရေးသတင်းစနစ် လက်စွဲစာအုပ် ပုံစံသစ် အသုံးပြုခြင်း ဆရာဖြစ် သင်တန်း
Aug 13,2020
ဂန့်ဂေါခရိုင်၊ ဆောမြို့တွင် ကျန်းမာရေးစီမံကိန်းလုပ်ငန်းများထိရောက်အောင်မြင်စေရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် Save the Children တို့ ပူးပေါင်းလျက် စီမံခန့်ခွဲမှုအထောက်အကူပြု ကျန်းမာရေးသတင်းစနစ် လက်စွဲစာအုပ် ပုံစံသစ် အသုံးပြုခြင်း တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ဆရာဖြစ်သင်တန်းကို ယနေ့ နံနက် ပိုင်းတွင် ဆောမြို့ သမဝါယမအသင်းစုလီမိတက် ခန်းမတွင် ကျင်းပကြောင်း သိရသည်။
လမ်းမတော်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် စာရင်း များ ထုတ်ပြန်ကြေညာမှု အား ကွင်းဆင်းကြည့်ရှု
Aug 13,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်အတွင်းရှိ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး များ၌ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အမည်စာရင်း ကပ်ထား သည့် ရပ်ကွက်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ၊မြို့ နယ်ရွေး ကောက်ပွဲကော် မရှင်