သတင်းများ

ကမ္ဘာ့ဆင်များနေ့အခမ်းအနားအား ဆင်စာဘူဖေးကျွေးခြင်းများဖြင့် ဆင်စခန်းအသီးသီးတွင် ကျင်းပ
Aug 13,2020
ဩဂုတ်လ ၁၂ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ဆင်များနေ့အထိမ်းအမှတ်ဂုဏ်ပြုအခမ်းအနားကို မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်
ဘုတလင်မြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းဝင် ကျေးရွာများအား ရန်ပုံငွေများ ကွင်းဆင်းထုတ်ပေး
Aug 13,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်း ဝင် ကျေးရွာများ ဖြစ်သည့် ကံသစ်(နောက်)ကျေးရွာနှင့် ခိုးချောင်းကျေးရွာတို့ အတွက် ရန်ပုံငွေများကို ယမန်နေ့ ညနေပိုင်း က ကွင်းဆင်းထုတ်ပေးခဲ့ကြောင်း သိရသည်။
ထားဝယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက မဲဆန္ဒရှင်စာရင်းများ ကြေညာထားရှိမှုအခြေအနေများအား ကြည့်ရှု့စစ်ဆေး
Aug 13,2020
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆန္ဒမဲပေးခွင့်ရှိသူ မဲဆန္ဒရှင် စာရင်းများကြေညာထားရှိမှု အခြေအနေများကို ယမန်နေ့နံနက်ပိုင်းက ထားဝယ်မြို့နယ် ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကွင်းဆင်း၍ကြည့်ရှု စစ်ဆေးလျက် ရှိကြောင်း သိရသည်။
ခရမ်းမြို့နယ်တွင် နိုင်ငံတော်အစိုးရမှ တတိယအကြိမ် ထောက်ပံ့သည့် ထောက်ပံ့ငွေများအား ပြည်သူများထံပေးအပ်
Aug 13,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလ အတွင်း နိုင်ငံတော်အစိုးရက ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် တတိယ အကြိမ် ထောက်ပံ့ငွေများကို ယမန်နေ့ ညနေ(၃)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန အစည်းဝေးခန်းမတွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများအား ထုတ်‌ဝေ ပေးအပ်ခဲ့သည်။
ရမည်းသင်းမြို့၌ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး အသိပညာ‌ပေးလက်ကမ်းစာစောင်များနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ
Aug 13,2020
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်တွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအသိပညာ‌ပေးလက်ကမ်းစာစောင်များနှင့် နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေခြင်းကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ ခရိုင်/မြို့နယ် အမျိုးသမီကော်မတီအဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးကော်မတီနှင့် NGO များပူးပေါင်း၍ ယမန်နေ့ နံနက် ၉ နာရီက မြို့မ‌ဈေးအတွင်း ပြည်သူများသို့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်ရှိ ကျေးရွာ(၆)ရွာတွင်ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း (VRFP) အကောင်အထည်ဖော်ဆောင်ရွက်နေ
Aug 13,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ကောလင်းခရိုင်၊ကောလင်းမြို့နယ်ရှိကျေးရွာ( ၆ )ရွာကို နိုင်ငံတော်က ချမှတ် ထားသောကိုဗစ်-၁၉ ကာလစီးပွားရေးကုစားမှုအစီအစီအရ ကျေးလက်နေမိသားစုများဝင်ငွေလျော့နည်း လာမှုနှင့် စားဝတ်နေရေးအခက်အခဲများကို ကုစားပေးနိုင်ရန် ရည်ရွယ်ပြီး မြို့နယ်ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ကျေးရွာမတည်ငွေစီမံကိန်း Village Revolving Fund Project (VRFP)ရန်ပုံငွေကျပ်သိန်းပေါင်း၁၇၀၀နဲ့ အကောင်အထည် ဖော်ရွက်ပေးနေ လျက်ရှိကြောင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်ခင်မီမီအောင်ထံမှသိရသည်။
မြင်းခြံခရိုင် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းလွှာများ စိစစ်ခြင်းလုပ်ငန်းဆောင်ရွက်
Aug 13,2020
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း များ၊ အမည်စာရင်းတင်သွင်းလွှာများ စိစစ်ခြင်းလုပ်ငန်းကို ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
နွားထိုးကြီးမြို့နယ်တွင် CFAVC ဖြင့် ဆောင်ရွက်မည့်ကုန်ထုတ်လမ်း မြေပြင်အခြေအနေကွင်းဆင်းစစ်ဆေး
Aug 13,2020
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ADB Bank နှင့် ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာဖူလုံမှုအစီအစဉ်တို့ ပူးပေါင်းဆောင်ရွက်သော ရာသီဥတုနှင့် လိုက်လျောညီထွေ ဖြစ်စေမည့် စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာတန်ဖိုး ကွင်းဆင်းစီမံကိန်း (CFAVC) ဖြင့်ဆောင်ရွက်မည့် ကုန်ထုတ်လမ်းဆောင်ရွက်မှုကို မြေပြင်အခြေအနေကို ယနေ့နံနက်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။