သတင်းများ

စိုက်ပျိုးရေး ဦးစီးဌာနမှ ပခန်းရွှေဝါသက်လျှင်အထွက်ကောင်း မျိုးစပါးများအား မျိုးစေ့ချကိရိယာဖြင့် လာရောက် စိုက်ပျိုးပေး
Aug 13,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယနေ့နံနက် ၈ နာရီက သက်လျှင် အထွက်ကောင်း ပခန်းရွှေဝါ မျိုးကောင်းမျိုးသန့် စပါးများအား ရွှေသောင်ယံမြို့ စိုက်ပျိုးရေး ဦးစီးဌာန၊ ဦးစီးမှုး ဦးဇော်မြင့်နှင့် ဝန်ထမ်းများမှ မျိုးစေ့ချကရိယာဖြင့် လယ်ယာစိုက်ခင်းများတွင် လာရောက် သရုပ်ပြ စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်၊ အောင်ဆန်းဈေး တာဝန်ခံရုံးခန်းအသစ် ပြန်လည်တည်ဆောက်နေမှုအား ကွင်းဆင်း စစ်ဆေး
Aug 13,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အောင်ဆန်းဈေး တာဝန်ခံရုံးခန်းအသစ် ပြန်လည်တည်ဆောက်နေမှုအား ကွင်းဆင်း စစ် ခြင်းကို ယမန်နေ့ နံနက်(၉)နာရီအချိန်က စစ်ဆေးခဲ့သည်။
အင်းစိန်မြို့နယ်အတွင်းရှိ ဈေးများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်းများ တပ်ဆင်ခြင်း ရှိ/မရှိစစ်ဆေး
Aug 13,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် ဈေးရောင်းသူနှင့် ဈေးဝယ်လာ သူများ အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်အတွင်းရှိ ဈေးများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်းများ တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့ နံနက်(၈)နာရီအချိန်က စစ်ဆေးခဲ့သည်။
ပင်းတယမြို့ရှိ Facility Quarantine Centre ရှိ နေရပ်ပြန်ပြည်သူများမှ ကိုယ်ဝန်ဆောင်မိခင်နှင့် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေပေးအပ်
Aug 13,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်ရှိ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး Facility Quarantine Centre ရှိ နေရပ်ပြန်ပြည်သူများအနက် ကိုယ် ဝန်ဆောင်မိခင်များ၊ ကလေးငယ်နှင့်သက်ကြီးဘိုးဘွားတို့အား လူမှု၀န်ထမ်းဦးစီးဌာနမှ ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန် က ထောက်ပံ့ငွေများ သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
ဟုမ္မလင်းမြို့ပေါ်ရပ်ကွက်အတွင်း အသက်(၆)လမှ (၅)နှစ်ထိ ကလေးများအား မျက်စိအား ဆေးနှင့် သန်ချဆေးတိုက်ကျွေး
Aug 13,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ မြို့​ပေါ်ရပ်ကွက်အတွင်းရှိ အသက်(၆)လမှ (၅) နှစ်ထိ ကလေးများအား မျက်စိအားဆေးနှင့် သန်ချဆေးတိုက်ကျွေးခြင်းကို ယနေ့ နံနက်(၉)နာရီက ဟုမ္မလင်းမြို့နယ်၊ မိခင်ကလေးကျန်းမားဌာန၊ အောက်ဆေးရုံတွင် တိုက်ကျွေးလျက်ရှိကြောင်း သိရသည်။
ထန်တလန်မြို့၌ Porcine Circovirus Type-2 (PCV-2) ရောဂါကြောင့် ယနေ့အထိ ဝက် ၁၃၆၀ ကောင် သေဆုံး
Aug 13,2020
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့၌ ပြည်သူများအပိုဝင်ငွေရရှိသည့် အိမ်မွေးဝက်များ Porcine Circovirus Type-2 (PCV-2)ကြောင့် သေဆုံးမှုဖြစ်ပွားလျက်ရှိရာ ဧပြီလ ၂၀ ရက်နေ့မှ ယနေ့အထိ ဝက်(၁၃၆၀) ကောင် သေဆုံးမှုဖြစ်ပွားလျက်ရှိကြောင်း ထန်တလန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၏ စာရင်းကောက်ယူချက်အရသိရသည်။
ကော့သောင်းမြို့တွင် ခရိုင်အဆင့် Gender, NSPAW, CEDAW အသိပညာပေး သင်တန်းဖွင့်လှစ်
Aug 13,2020
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့တွင် အမျိုးသမီးများ၏ဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရိုင်အဆင့် Gender ကျားမရေးရာ၊ NSPAW (National Strategic Plan for The Advancement of Women) အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း၊ CEDAW (Convention on the Elimination All Form of Discrimination Against Women) အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကွန်ဗန်းရှင်းပါပြဌာန်းချက်များ အသိ ပညာပေးသင်တန်းကို ယနေ့ နံနက် (၁၀) နာရီအချိန်က အေးရိပ်ငြိမ်ရပ်ကွက်၊ ဓမ္မာရုံတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်တွင် မဲဆန္ဒရှင်စာရင်းများ စိစစ်ရေး လုပ် ငန်းကော်မတီ ဖွဲ့စည်းရန်နှင့် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီများဖွဲ့စည်းရေး ညှိနှိုင်းဆွေးနွေး
Aug 13,2020
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ မဲဆန္ဒရှင်စာရင်းစိစစ်ရေး လုပ်ငန်း ကော်မတီဖွဲ့စည်းရန်နှင့်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီများဖွဲ့စည်းရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ကြောင်းသိရသည်။