ပန်ဆိုင်း(ကြူကုတ်)မြို့တွင် စာဖတ်ဝိုင်းကျင်းပ
Aug 13,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်၊ စာပေချစ်မြတ်နိုးသူ (Book Club) အသင်းတို့ ပူးပေါင်း၍ ယနေ့ နံနက်(၉)နာရီအချိန်က လယ်တွင်းသားစောချစ်၏ “ပန်းလိုချင် အပင်ကိုပျိုးတတ်မှ” စာအုပ်ဖြင့် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်သည်။