သတင်းများ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်လေးပင်မြို့နယ်ရုံးအတွက် (ရွေ့လျားစာကြည့်တိုက်)အတွက် ဂျပန်ဘာသာပြန် ပုံပြင်စာအုပ်များ လာရောက်လှူဒါန်း
Aug 18,2020
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညောင်လေးပင်မြို့နယ်ရုံးအတွက် ရွေ့လျားစာကြည့် တိုက်များ ကွင်း‌ဆင်း ဆောင်ရွက်ရာတွင် ငှာရမ်းပေးမည့်စာအုပ်များကို ဂျပန်နိုင်ငံ(Shanti Volunteer Association) ရှန်တီစေတနာ့ ဝန်ထမ်း အဖွဲ့(SVA)မှ ပံ့ပိုးပေးလျက်ရှိရာ ယနေ့ မွန်းလွဲပိုင်းက မြို့နယ် ပြည်သူ့စာကြည့်တိုက်သို့ ဂျပန်ဘာသာ ပြန်ပုံပြင်စာအုပ် (၁၈၃)အုပ် လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဘုတလင်မြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံမည့် အမျိုးသမီးငယ် တစ်ထောင်ကျော်ရှိ
Aug 18,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးများ ထိုးနှံ ပေးနိုင်ရန်အတွက် ဩဂုတ်လ(၁၄)ရက်မှ (၁၇)ရက်အထိ ရပ်ကွက်နှင့် ကျေးရွာများတွင် စာရင်းကောက်ယူ ခဲ့ရာ ကာကွယ်ဆေး ထိုးနှံမည့် အမျိုးသမီးငယ် တစ်ထောင်ကျော် ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
နတ်မောက်မြို့နယ်တွင် ပထမအကြိမ် ကပ်ထားကြေညာသည့် မဲဆန္ဒရှင်စာရင်းများမှ ပုံစံ(၃)၊ ပုံစံ(၄)၊ ပုံစံ(၄-ဂ)ဖြင့် လျှောက်ထားသူများကို စတင်ပြင်ဆင်ပေး
Aug 18,2020
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး များမှ ပုံစံ(၃)၊ပုံစံ(၄)၊ ပုံစံ(၄-ဂ)ဖြင့် လျှောက်ထားသူများအား ယနေ့နံနက်(၁၀)နာရီက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး၌ မဲစာရင်းထည့်သွင်းခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက် ရှိ​ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ၏ စီးပွားရေးအပေါ်ထိခိုက်နစ်နာမှုသက်သာရေး စီမံချက် (CERP)အရ သိုး/ဆိတ် မွေးမြူရေးသင်တန်းဖွင့်လှစ်သင်ကြား
Aug 18,2020
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် COVID-19 ၏ စီးပွားရေးအပေါ် ထိခိုက်နစ်နာမှု သက်သာရေးစီမံချက် (CERP)အရဖွင့်လှစ်သော သိုး/ဆိတ်မွေးမြူရေးသင်တန်းကို မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန ရုံးခန်းမ၌ ယမန်နေ့နံနက်(၉)နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ထားဝယ်မြို့နယ်တွင် ကိုဗစ် ၁၉ ရောဂါကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Aug 18,2020
၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူတိုင်းမဲပေးနိုင်ရေးအတွက် လိုအပ်သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို
သန်လျင်၌ မော်တော်ယာဉ်စီမံခန့်ခွဲမှု အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ
Aug 18,2020
၂၀၂၀ ပြည့်နှစ် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ အသိပညာပေး လက်ကမ်းစာစောင်များကို မြန်မာ နိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ အမှတ်(၈)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ (ရန်ကုန်တောင်ပိုင်းခရိုင်)၏ စီစဉ်မှုဖြင့် သန်လျင်မြို့နယ်အတွင်း ဖြတ်သန်းမောင်းနှင်လျက်ရှိသော မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ် မောင်းနှင်သူ ယာဉ်မောင်းများအား သန်လျင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းထွန်းဦးနှင့် ယာဉ်ထိန်း ရဲတပ်ဖွဲ့ ဝင်များ၊ တာဝန်ရှိသူများက ဖြန့်ဝေပေးလျက်ရှိသည်။
ရေနံချောင်းမြို့နယ် ရုံးဆိပ်ကျွန်းကျေးရွာ၌ မြစ်ကမ်းပါးပြိုကျမှုကြောင့် စိုက်ပျိုးမြေ ၂၅ ဧကခန့် ပျက်စီး
Aug 18,2020
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ရုံးဆိပ်ကျွန်းကျေးရွာ၏ အနောက်ဘက်တွင် ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါးပြိုကျကာ စိုက်ပျိုးမှုမပြုလုပ်ရသေးသည့် စိုက်ပျိုးမြေ ၂၅ ဧကခန့်ပါဝင်သွားခဲ့ကြောင်း ဩဂုတ် ၁၈ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ရွာသစ်မြို့ရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု (၁၀၉) စု အတွက် အိမ်တိုင်ရာရောက် ထောက်ပံ့ ငွေများ ပေးအပ်
Aug 18,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့၌ COVID-19 ကာလအတွင်း ပုံမှန် ဝင်ငွေ မရှိသော အခြေခံ