သတင်းများ

မိုင်းပျဉ်းမြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးကျင်းပ
Aug 18,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်တွင် အသက် ၁၈ နှစ်ပြည့်သူများ အဆင်ပြေစွာ မဲပေးနိုင်ရေး နိုင်ငံသား စိစစ်ရေးကတ်များ ရုံးပိတ်ရက်မထားပဲ ပြုလုပ်ပေး
Aug 18,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီး ဌာနမှူး ရုံးမှ အမျိုးသားရေး တာ၀န်တစ်ရပ်အနေဖြင့် အသက် ၁၈ နှစ်ပြည့်သူများ အဆင်ပြေစွာမဲပေးနိုင်ရေး နိုင်ငံသား စိစစ်ရေးကတ်များကို ရုံးပိတ်ရက်မထားဘဲ နေ့ချင်းပြီး ဆောင်ရွက်ပေးနေကြောင်း သိရသည်။
မအူပင်ခရိုင်၌ ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံဖြိုးရေးဆိုင်ရာ အခြေခံ (အခမဲ့) သင်တန်းဆင်းပွဲ ကျင်းပ
Aug 18,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်အတွင်းရှိ မြို့နယ်များအတွက် ခရိုင်အဆင့် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေး နှင့် ဖွံဖြိုးရေးဆိုင်ရာ အခြေခံ (အခမဲ့) သင်တန်းဆင်းပွဲကို ယနေနံနက် ၉ နာရီက မအူပင်ခရိုင် လူမှုဝန်ထမ်းရုံး၌ ကျင်းပခဲ့သည်။
ရေဇွာမြို့တွင် အသက်(၅)နှစ်အောက်ကလေးငယ်များအား ဗီတာမင်အေနှင့် သန်ချဆေးတိုက်ကျွေး
Aug 18,2020
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ရေဇွာမြို့ကျေးလက်ကျန်းမာရေး ဌာနဆေးခန်း၌ ရေဇွာ မြို့ရပ်ကွက်(၄)ရပ်ကွက်ရှိ အသက်(၅)နှစ်အောက်ကလေးငယ် (၂၂၀)ဦးခန့်အား ဗီတာမင်အေနှင့် သန်ချဆေးတိုက်ကျွေးခြင်းကို ယမန်နေ့က စတင်တိုက်ကျွေးခဲ့ကြောင်း သိရသည်။
လပွတ္တာမြို့နယ်တွင် စီးပွားကုစားမှု (CERP) အရ ကျေးရွာများ အတွက် ရန်ပုံငွေများ လွှဲပြောင်းပေးအပ်
Aug 18,2020
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် လပွတ္တာမြို့နယ်တွင် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ COVID - 19 Economic Relief Plan (CERP) အရ ကျေးလ​က်​နေ မိသားစုများ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများအား ကုစားပေးနိုင်ရေးအတွက် ရည်ရွယ်၍ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်တွင် ကျေးရွာမတည်ရန်ပုံငွေ ဆောင်ရွက်မည့် ကျေးရွာ (၃) ရွာတို့အား ရန်ပုံငွေကျပ် သိန်း (၈၀၀) လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို လပွတ္တာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၌ ကျင်းပခဲ့သည်။
ထန်တလန်မြို့တွင် လူငယ်ရေးရာမူဝါဒရှင်းလင်းပွဲနှင့် လူငယ်ဆိုင်ရာ အသိပညာပေးသင်တန်း ဖွင့်လှစ်
Aug 18,2020
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့၌ နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်သည့် ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းလာရေးအတွက် လူငယ်များက အခန်းကဏ္ဍတစ်ရပ်မှနေ၍ စည်းလုံးညီညွတ်စွာဖြင့် ဦးဆောင်ပူးပေါင်းကြိုးပမ်းဆောင်ရွက်လာနိုင် စေရန် ရည်ရွယ်၍ ချင်းပြည်နယ် လူမှုဝန်ထမ်းရုံးနှင့် ချင်းပြည်နယ် လူငယ်ရေးရာကော်မတီတို့က ဦးဆောင်၍ လူငယ်ရေးရာမူဝါဒ ရှင်းလင်းပွဲနှင့် လူငယ်ဆိုင်ရာ အသိပညာပေးသင်တန်းကို ယနေ့နံနက် ၉ နာရီက ထန်တလန်မြို့ အမှတ် (၂) ရပ်ကွက်ရှိ Thantlang Baptist Church Center (TBC) ၌ ကျင်းပသည်။
နေပြည်တော်အသေးစားနှင့် အလတ်စား စက်မှုဇုန်ကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Aug 18,2020
နေပြည်တော်အသေးစားနှင့် အလတ်စား စက်မှုဇုန်ကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် (၁၀)နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရွှေတောင်မြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ပြိုလဲ၍ပြိုကျပျက်စီးခဲ့သော နေအိမ်အတွက် အိမ်ဆောက်ပစ္စည်းနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့
Aug 18,2020
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့နယ်ကျောက်ထရံအုပ်စု ထန်းပင်ကွက်ကျေးရွာတွင်ယခုလ ၁၆ရက်နေ့ကဖြစ် ပွားခဲ့သောမိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် သစ်ပင်ပြိုလဲ၍ ပြိုကျပျက်စီးသောနေအိမ် အတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည်ယမန်နေ့ နေ့လည်ပိုင်းက ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေး ပစ္စည်းများသွားရောက် ပေးအပ်ခဲ့ကြကြောင်း သိရသည်။