မင်းတုန်းမြို့နယ်တွင် NEP စီမံကိန်းဖြင့်ကျေးရွာမီးလင်းရေး လုပ်ငန်းဆောင်ရွက်
Aug 18,2020
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်တွင် အမျိုးသားလျှပ်ဓာတ်အားရရှိရေး NEP Phase-1 စီမံကိန်း ဖြင့်ကျေးရွာ မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မြို့နယ်လျှပ်စစ်မှူး ဦးထွန်းလွင်နှင့်ဝန်ထမ်းများက ဘူးတောင်းကျေးရွာ၌ 100KVA ထရန်စဖော်မာတပ်ဆင်ခြင်းလုပ်ငန်းများကို ယမန်နေ့ ညနေ ၂ နာရီတွင် ဆောင်ရွက်ခဲ့ကြသည်။