သတင်းများ

ရိခေါ်ဒါရ်မြို့၌ မဲစာရင်းလာရောက်ကြည့်ရှုသူ ၁၅၀၀ ဦးကျော်ရှိ၍ ပုံစံ(၃)ဖြင့် အမည်စာရင်း လျှောက်ထားသူ ၉၀ ဦးရှိ
Aug 06,2020
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ ပြီးခဲ့သည့် ဇူလိုင် ၂၅ ရက်မှစ၍ မြို့ပေါ်ရပ်ကွက်နှစ်ခုရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ သုံးထောင်ကျော်၏ အမည်စာရင်းများ ကြေညာစာကပ်ထားလျက်ရှိ ရာ ယမန်နေ့ သြဂုတ် ၅ ရက်အထိ လာရောက်ကြည့်ရှုသူ ၁၅၀၀ ကျော်ရှိပြီဖြစ်ကြောင်း ရိခေါ်ဒါရ်မြို့ အမှတ်(၁)နှင့် အမှတ်(၂)ရပ်ကွက်၊ ရပ်ကွက်စာရေးများထံမှ သိရသည်။
ချောင်းဆုံမြို့နယ် မဟာကန်တော်ကြီးတွင် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကျင်းပ
Aug 06,2020
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ငါးသယံဇာတ ဖွံ့ဖြိုးတိုးပွားရေး၊ ဒေသတွင်း ပြည်သူများ ငါးစားသုံးမှုဖူလုံရေးနှင့် ငါးမျိုးများ ပေါက်ဖွားမှုနှုန်း တိုးတတ်စေရန်အတွက် ရည်ရွယ်၍ ယနေ့ နံနက်က ချောင်းဆုံမြို့ မဟာကန်တော်ကြီးနှင့် နတ်မှော်ကျေးရွာ
လှိုင်းဘွဲမြို့နယ်၌ (၅) နှစ်အောက်ကလေးငယ်များကို ဗီတာမင်အေနှင့် သန်ချဆေးတိုက်ကျွေး
Aug 06,2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် အသက် (၅) နှစ်အောက်ကလေးငယ်များကို ဗီတာမင်အေနှင့် သန်ချဆေးများကို (ခ) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့နံနက် (၉) နာရီအချိန်က စတင်တိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။
အမာမြို့၊ မင်္ဂလာသောင်တန်းကျေးရွာ၌ လေပြင်းတိုက်ခတ်ပြီး ပင်လယ်ဒီရေမြင့်တက်၊ ဒီရေလှိုင်း ရိုက်ခတ်မှုကြောင့် လူနေအိမ်(၁၀)လုံး ပြိုကျပျက်စီး
Aug 06,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ နောက်မီးကျေးရွာအုပ်စု၊ မင်္ဂလာသောင်တန်း ကျေးရွာ၌ ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲခန့်တွင် လေပြင်းတိုက်ခတ်ပြီး ပင်လယ်ဒီရေမြင့်တက်၊ ဒီရေလှိုင်းရိုက်ခတ်မှုကြောင့် လူနေအိမ်(၁၀)လုံးပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။
အမာမြို့၌ သဘာဝဘေးဒဏ်သင့် ပြည်သူများအား ကူညီထောက်ပံ့ပေးအပ်
Aug 06,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ ဂေါ်ဒူကျေးရွာတွင် သြဂုတ်လ ၃ ရက်နေ့မှစ၍ ဖြစ်ပွါးခဲ့သည့် လေပြင်းတိုက်ခတ်ပြီး ပင်လယ်ဒီရေလှိုင်း ရိုက်ခတ်မှုကြောင့် သဘာဝဘေးဒဏ်သင့်ခဲ့ကြသည့် ဂေါ်ဒူကျေးရွာမှ အိမ်ထောင်စုများအား ယမန်နေ့ မွန်းလွဲ ၂ နာရီက အမာမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဖျာပုံခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ထောက်ပံ့ကူညီမှုများဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
လသာမြို့နယ်ရှိ ရပ်ကွက်များတွင် မဲဆန္ဒရှင်များ၏ အမည်စာရင်းကြေညာထားရှိမှု  တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
Aug 06,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား
ကျောက်ဆည်မြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Aug 06,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ ရန်ကုန်-မန္တလေး ကားလမ်း ကြက်မင်းတွန်မီးပွိုင့်တွင် ဖြတ်သန်းသွားလာနေသော ပြည်သူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပိုမိုသိရှိနားလည်စေရန် ယနေ့နံနက် ၉ နာရီက ကျောက်ဆည်ခရိုင် အမှတ် (၉၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ကြပ်ကြီး ခင်မောင်စိုး၊ ဒုတပ်ကြပ် အောင်ပိုင်စိုးနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များသည် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကသာမြို့နယ်တွင် ဝဥလုပ်ငန်းလုပ်ကိုင်သူများ ဝဥဈေးကောင်းရရှိ၍ မိသားစုဝင်ငွေတိုး
Aug 06,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ စေတီကုန်းကျေးရွာတွင် ဝဥလုပ်ငန်းကို မိသားစု စားဝတ်နေရေး အဆင်ပြေရန် တစ်ပိုင်တစ်နိုင်လုပ်ငန်းအဖြစ် လုပ်ကိုင်သူများအနေဖြင့် ယခင်နှစ်ထက် ဝဥဈေးကောင်းရရှိပြီး မိသားစုအတွက် ပုံမှန်ဝင်ငွေရရှိကြောင်း ဝဥလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။