သတင်းများ

နေရပ်ပြန်မြန်မာသင်္ဘောသားများ ကော့သောင်းမြို့တွင် အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိ
Aug 06,2020
ကော့သောင်းမြို့အနီး အက်ဒမန်ပင်လယ်အတွင်း Crew Change ပြုလုပ်ရန် M.T MTM NEWPORT သင်္ဘောပေါ်မှ သင်္ဘောသား (၁၅) ဦးနှင့် M.T MTM FAIRFIELD ပင်လယ်ကူးသင်္ဘောပေါ်မှ သင်္ဘောသား (၁၉) ဦး စုစုပေါင်းသင်္ဘောသား (၃၄) ဦး Sign off ထွက်လာရာ ယမန်နေ့ ညနေပိုင်းက မြို့မဆိပ်ကမ်းမှတစ်ဆင့် ကော့သောင်းမြို့သို့ဝင်ရောက်လာပြီး Hotel Quarantine ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
မိုင်းယုမြို့၌ မိုးစပါးအထွက်တိုးရေး ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်း
Aug 06,2020
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် နယ်စပ်ဒေသ မိုင်းယုမြို့တွင် မိုးစပါးအထွက်တိုးရေးအတွက် ပိုးမွှား ရောဂါကာကွယ်နှိမ်နင်းခြင်းကို ယနေ့ နံနက်ပိုင်းက မိုင်းယုစိုက်ပျိုးရေးဦးစီးဌာန၏ မိုးစပါး မျိုးစေ့ ထုတ်စိုက် ခင်းနှင့် စမ်းသပ်ကွက်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောင်းကုန်းမြို့နယ်ရှိ ကျေးရွာများတွင် မဲဆန္ဒရှင်များ၏ အမည်စာရင်းကြေညာထားရှိမှု ကွင်းဆင်းစစ်ဆေး
Aug 06,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက် တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် မြို့နယ်ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များက ယမန်​နေ့ မွန်းလွဲပိုင်းတွင် ကျေးရွာများသို့ သွားရောက်၍ မဲဆန္ဒရှင်များ၏ အမည်စာရင်းကြေညာထားရှိမှုကို ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။
သန်လျင်၌ ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးခြင်းအား Online Booking ရယူပြီးမှသာ ဆောင်ရွက်ရမည်
Aug 06,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်ရှိ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (တောင်ပိုင်းခရိုင်) ရုံးတွင် ယာဉ်မောင်းလိုင်စင်
ကော့မှူး၌ မိုးစပါးစိုက်ပျိုးစရိတ်များ ဆက်လက်ထုတ်ချေးပေး
Aug 06,2020
ရန်ကုန်‌တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများကို တောင်သူများထံသို့ ယနေ့ နံနက်က အချိန်နှင့်တစ်‌ပြေးညီ အတိုးနှုန်းသက်သာစွာဖြင့် ဆက်လက်ထုတ်ချေးပေးနေကြောင်း သိရသည်။
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနနှင့် Irrawaddy Green Towers Ltd တို့ပူးပေါင်း၍ (Covid-19) ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ ပေးအပ်လှူဒါန်း
Aug 06,2020
တာချီလိတ်မြို့တွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနနှင့် Irrawaddy Green Towers Ltd. တို့ ပူးပေါင်း၍ ကိုဗစ်-19 ကြိုတင်ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ ပေးအပ် လှူဒါန်းခြင်းကို ပြုလုပ် ခဲ့ကြ ကြောင်းသိရှိရသည်။
နတ်မောက်မြို့၌ တတိယအကြိမ်မြောက် သိုး၊ ဆိတ်မွေးမြူထုတ်လုပ်မှုသင်တန်းဖွင့်လှစ်
Aug 06,2020
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ ကိုဗစ်-၁၉ ၏စီးပွားရေးအပေါ်ထိခိုက်မှုသက်သာရေး စီမံချက် (CERP) အရ ဖွင့်လှစ်သော တတိယအကြိမ်မြောက် သိုး၊ ဆိတ်မွေးမြူထုတ်လုပ်မှုသင်တန်းကို ယနေ့နံနက် (၁၀)နာရီ ကမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင်ကျင်းပသည်။
ကန်ကြီးထောင့်မြို့နယ်တွင် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာထားရှိမှုများအား မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ကွင်းဆင်းစစ်ဆေး
Aug 06,2020
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေး ရွာအုပ်စုများ၌ (ပထမအကြိမ်)မဲဆန္ဒရှင်စာရင်းများကို ဇူလိုင် ၂၅ ရက်နေ့မှစတင်ကပ်ထားကြေညာထားရှိပြီး ယမန်နေ့ နံနက် ‌၁၀ နာရီတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များမှ မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာထားရှိမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။