သတင်းများ

လယ်ဝေးမြို့တွင် နွေရာသီရေရှားပါးသည့် ကျေးရွာများသို့ ရေပေးဝေလျက်ရှိ
Mar 13,2020
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ နွေရာသီ ရေရှားပါးသည့် ကျေးရွာများသို့ ယမန်နေ့ မှစတင်၍ အပတ်စဉ် ကြာသာပတေးနှင့် သောကြာနေ့ များတွင် နံနက် ၁၀ နာရီမှစပြီး သောက်သုံးရေများ ဖြန့်ဝေပေးသွားမည် ဖြစ်သည်။
ကုန်ညွှန်းအမှတ်အသားဆိုင်ရာ ပြဌာန်းချက်များ မတ်လ(၁၆)ရက်နေ့တွင် စတင်အသက်ဝင်မည်
Mar 13,2020
ကုန်ညွှန်းအမှတ်အသားဆိုင်ရာပြဌာန်းချက်များသည် မတ်လ(၁၆)ရက်နေ့တွင် စတင်အသက်ဝင်တော့မည်ဖြစ်ရာ လိုက်နာခြင်းမရှိသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ပြစ်မှုအရ အရေးယူဆောင်ရွက်ရမည့် အနေအထားရှိလာနိုင်မည်ဖြစ်ကြောင်း စားသုံးသူရေးရာ ဦးစီးဌာန (နေပြည်တော်)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထက်ဝင်းအောင်၏ ပြောကြားချက်အရ သိရသည်။
တံတားမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့ဖြေဆိုသည့် ကျောင်းသား/ကျောင်းသူများအား အအေးဘူးများ လှူဒါန်း
Mar 13,2020
၂၀၂၀ ပြည့်နှစ် မတ်လ ၁၁ ရက်တွင် စတင်ကျင်းပသည့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို တံတားမြို့ စာစစ်ဌာန၌ ကျောင်းသား/ကျောင်းသူများ ပျော်ရွှင်စွာဖြင့် သင်္ချာဘာသာရပ်အား ဆက်လက်ဖြေဆိုလျက်ရှိကြသည်။
သန်လျင်မြို့ ကုတင် ၂၀၀ ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး၌ COVID 19 ရောဂါ အသိပညာပေးဟောပြောပွဲ ကျင်းပ
Mar 13,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် ကုတင် ၂၀ဝဆံ့ အထွေထွေရောဂါကုဆေးရုံကြီးတွင် COVID 19 ရောဂါနှင့် ပတ်သက်သည့် အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီတွင် အဆိုပါဆေးရုံရှိနားနေဆောင်၌ ကျင်းပသည်။
မိုးမိတ်မြို့၌ တီဘီရောဂါအခမဲ့စစ်ဆေးပေး
Mar 13,2020
တီဘီရောဂါ အခမဲ့စစ်ဆေးပေးခြင်းကို ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့ ရွှေတောင်ဦးဘုရားဓမ္မာရုံတွင် လားရှိုးပြည်သူ့ကျန်မာရေးစီးဌာနမှ ဒေါက်တာ ဆမ်ခွန်းနပ် ဦးဆောင်သော (Team Leader)အဖွဲ့မှ လာရောက်၍ ယနေ့ နံနက် ၈ နာရီမှစတင်၍ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ရှမ်းရွာသစ်မြို့၌ နွေရာသီကျောင်းပိတ်ရက် ကျောင်းသား/ကျောင်းသူများ ပျော်ရွှင်စရာပြိုင်ပွဲများပြုလုပ်
Mar 13,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ကျောင်းသား/ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်တွင် စာကြည့်တိုက်သို့ လာရောက်၍ စာအုပ်စာစောင်များ ငှားရမ်းစေရန်၊ အသိပညာ ဗဟုသုတများ ရရှိစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန် ရည်ရွယ်၍ စာဖတ်စွမ်းရည် ပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာနရှိ (Community Centre)ခန်းမနှင့် ကလေးစာဖတ်ခန်းတွင် ယနေ့နံနက် (၁၀)နာရီအချိန်က ပြုလုပ်ခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ ခရမ်းညိုသီး စိုက်ပျိုးတောင်သူများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်း ရရှိကာ လုပ်ငန်းအဆင်ပြေ
Mar 13,2020
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စု၊ ယောစုကျေးရွာရှိ ဒေသခံ တောင်သူများသည် မုန်းချောင်းရေကို အမှီပြုပြီး မုန်းချောင်းတစ်လျှောက် ကိုင်း၊ ကျွန်းမြေများတွင် ၁၂ ရာသီ စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ယခုနှစ်တွင် တောင်သူများ စမ်းသပ်စိုက်ပျိုးသည့် ခရမ်းညိုသီးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိနေကြကြောင်း အဆိုပါ ယောစုကျေးရွာမှ ခရမ်းညိုသီးစိုက်ပျိုးသည့် ဒေသခံ တောင်သူများထံမှ သိရသည်။
ဖြူး၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ် သင်တန်းအမှတ်စဉ် (၁) သင်တန်းဆင်းပွဲကျင်းပ
Mar 13,2020
နယ်စပ်‌ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ဖြူးမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၏ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ် (၁)သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက်(၉:၀၀)နာရီတွင် အဆိုပါ သင်တန်းကျောင်း ခန်းမ၌ ကျင်းပခဲ့သည်။