သတင်းများ

ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း (VDP) ရန်ပုံငွေ လွှဲပြောင်းပေးအပ်
Mar 13,2020
သရက်ခရိုင်၊ မင်းတုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (VDP) ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအား ယနေ့နံနက် ၁၀ နာရီခွဲက ကျင်းပရာ
အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ် (၁) သင်တန်းဆင်းပွဲကျင်းပ
Mar 13,2020
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးရုံး (မုံရွာ) ကွပ်ကဲမှုအောက်ရှိ ပုလဲမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ် (၁) သင်တန်းဆင်း ပွဲကို ယမန်နေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ဇမ္ဗူသီရိမြို့နယ်၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ သင်္ချာဘာသာရပ်အား ကျောင်းသား/ကျောင်းသူ ၂၆၀ ဦးဖြေဆို
Mar 13,2020
၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ စာစစ်ဌာန (၅) ခုတို့၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့် ယနေ့၌ သင်္ချာဘာသာကို ဖြေဆိုနေကြပြီဖြစ်သည်။
အ.ထ.က (မိုးနဲ) စာစစ်ဌာနသို့ လင်းခေးခရိုင် ပညာရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ လာရောက်ကြည့်ရှု အားပေး
Mar 13,2020
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်အတွင်းရှိ ကျောင်းသား/ ကျောင်းသူများ ၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် လင်းခေးခရိုင်ပညာရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးနိုးဝေ၊ လင်းခေးခရိုင် ပညာရေးမှူး ဦးကျော်မြင့်ဦး၊ မိုးနဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထွဋ်နှင့် မြို့နယ်ပညာရေး ကြီးကြပ်မှုကော်မတီဝင်တို့က ယနေ့နံနက် ၁၀ နာရီအချိန်တွင် တက္ကသိုလ် ဝင်တန်း တတိယနေ့ သင်္ချာဘာသာရပ်ဖြေဆိုနေမှုကို လာရောက်ကြည့်ရှု အားပေးခဲ့သည်။
တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများ အား ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆောင်ရွက်ပေး
Mar 13,2020
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာသွားလာနိုင်ရေးအတွက် မြို့ပေါ်ရှိဖြေဆိုမည့် စာစစ်ဌာန ကျောင်းများရှေ့တွင် ယနေ့နံနက်(၇) နာရီအချိန်က ယာဉ်စည်းလမ်းစည်းကမ်း ဆောင်ရွက်ခဲ့ကြသည်။
ဗန်းမော်မြို့တွင် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ် (၁) သင်တန်းဆင်းပွဲ ကျင်းပ
Mar 13,2020
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ကချင်ပြည်နယ် ဗန်းမော်မြို့ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၏ အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ် (၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ တောင်တွင်းကြီးမြို့နယ် စာစစ်ဌာန (၁၁) ခု၌ သင်္ချာဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၅၈၂၁) ဦး ဖြေဆို
Mar 13,2020
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့ နံနက် (၉) နာရီက နိုင်ငံတစ်ဝန်း စာဖြေဌာနများတွင် သင်္ချာဘာသာရပ်အား တတိယနေ့ ဆက်လက်ဖြေဆိုလျက်ရှိရာ မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့တွင် စာဖြေဌာန (၁၁) ခုရှိပြီး စာရင်းရှိ ကျောင်းသား/ ကျောင်းသူ (၆၀၉၀) ဦး၊ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၅၈၂၁) ဦး ဖြေဆိုရန် ပျက်ကွက်သူ (၂၆၉) ဦး၊ ဖြေဆိုသည့်ရာခိုင်နုန်းမှာ (၉၅•၅၈) ရာခိုင်နုန်းရှိကြောင်း သိရသည်။
အစိုးရနည်းပညာ အထက်တန်းကျောင်း (မင်းတပ်) ၌ ကာလတိုအခြေခံသင်တန်းဆင်းပွဲ ကျင်းပ
Mar 13,2020
အစိုးရနည်းပညာ အထက်တန်းကျောင်း (မင်းတပ်) ၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ သင်တန်းအမှတ်စဉ် (၁/၂၀၂၀) အခြေခံကွန်ပျူတာသင်တန်း၊ အိမ်တွင်းလျှပ်စစ် သွယ်တန်းခြင်းသင်တန်း၊ မော်တော် ဆိုင်ကယ်ပြုပြင်နည်း သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါသင်တန်း ခန်းမ၌ ကျင်းပသည်။