သတင်းများ

ကြာအင်းဆိပ်ကြီးမြို့၌ (COVID-19) ရောဂါ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်
Mar 13,2020
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့တွင်  အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID-19) ကူးစက်ပျံ့နှံမှုအန္တရာယ်ကြောင့် WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကမ္ဘာ့ကပ်ဆိုးရောဂါအဖြစ် ကြေညာခဲ့ပြီး အများပြည်သူများ ကိုရိုနာဗိုင်းရပ်စ်အကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်နိုင်စေရေး ရောဂါမဖြစ်ပွားအောင် ကာကွယ်ရမည့်နည်းလမ်းများကို သိရှိနားလည်နိုင်စေရေးအတွက် ယနေ့နံနက်ပိုင်းက မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်ဇင်ထွန်းက ဦးဆောင်ကာ ကျန်းမာရေးဝန်ထမ်းများနှင့် လူစည်ကားရာ မြို့မဇမိရတနာဈေးသို့ သွားရောက်ပြီး ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကျင်းပ
Mar 13,2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ရန်အတွက် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာ ၁၀ ရွာသို့ ရန်ပုံငွေလွဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဥတ္တရခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
စစ်ကိုင်းခရိုင် ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် ရပ်ကွက်ပြည်သူများနှင့် ဌာနဆိုင်ရာများသို့ စာအုပ်များ အခမဲ့ ငှားရမ်းပေး
Mar 13,2020
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီက စစ်ကိုင်းမြို့၊ ဇေယျာရပ်ကွက်နေ ပြည်သူများနှင့် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံးသို့ သွားရောက်ကာ သုတ/ရသ စာအုပ်များကို အခမဲ့ငှားရမ်း ပေးခဲ့ကြသည်။
ကုန်ညွှန်းအမှတ်အသားဆိုင်ရာ ပြဌာန်းချက်များ မတ်လ(၁၆)ရက်နေ့တွင် စတင်အသက်ဝင်မည်
Mar 13,2020
ကုန်ညွှန်းအမှတ်အသားဆိုင်ရာပြဌာန်းချက်များသည် မတ်လ(၁၆)ရက်နေ့တွင် စတင်အသက်ဝင်တော့မည်ဖြစ်ရာ လိုက်နာခြင်းမရှိသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ပြစ်မှုအရ အရေးယူဆောင်ရွက်ရမည့် အနေအထားရှိလာနိုင်မည်ဖြစ်ကြောင်း စားသုံးသူရေးရာ ဦးစီးဌာန (နေပြည်တော်)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထက်ဝင်းအောင်၏ ပြောကြားချက်အရ သိရသည်။
တံတားမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့ဖြေဆိုသည့် ကျောင်းသား/ကျောင်းသူများအား အအေးဘူးများ လှူဒါန်း
Mar 13,2020
၂၀၂၀ ပြည့်နှစ် မတ်လ ၁၁ ရက်တွင် စတင်ကျင်းပသည့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို တံတားမြို့ စာစစ်ဌာန၌ ကျောင်းသား/ကျောင်းသူများ ပျော်ရွှင်စွာဖြင့် သင်္ချာဘာသာရပ်အား ဆက်လက်ဖြေဆိုလျက်ရှိကြသည်။
လယ်ဝေးမြို့တွင် နွေရာသီရေရှားပါးသည့် ကျေးရွာများသို့ ရေပေးဝေလျက်ရှိ
Mar 13,2020
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ နွေရာသီ ရေရှားပါးသည့် ကျေးရွာများသို့ ယမန်နေ့ မှစတင်၍ အပတ်စဉ် ကြာသာပတေးနှင့် သောကြာနေ့ များတွင် နံနက် ၁၀ နာရီမှစပြီး သောက်သုံးရေများ ဖြန့်ဝေပေးသွားမည် ဖြစ်သည်။
ပွင့်ဖြူမြို့နယ်၌ ခရမ်းညိုသီး စိုက်ပျိုးတောင်သူများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်း ရရှိကာ လုပ်ငန်းအဆင်ပြေ
Mar 13,2020
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စု၊ ယောစုကျေးရွာရှိ ဒေသခံ တောင်သူများသည် မုန်းချောင်းရေကို အမှီပြုပြီး မုန်းချောင်းတစ်လျှောက် ကိုင်း၊ ကျွန်းမြေ များတွင် ၁၂ ရာသီ စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ယခုနှစ် တွင် တောင်သူများ စမ်းသပ်စိုက်ပျိုးသည့် ခရမ်းညိုသီးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိနေကြကြောင်း အဆိုပါ ယောစုကျေးရွာမှ ခရမ်းညိုသီးစိုက်ပျိုးသည့် ဒေသခံ တောင်သူများထံမှ သိရသည်။
ကြာအင်းဆိပ်ကြီးမြို့၌ (COVID-19) ရောဂါ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်
Mar 13,2020
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့တွင် ကမ္ဘာ့နိုင်ငံအများအပြားတွင် ဖြစ်ပေါ်လျက်ရှိသော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID-19) ကူးစက်ပျံ့နှံမှုအန္တရာယ်ကြောင့် WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကမ္ဘာ့ကပ်ဆိုးရောဂါအဖြစ် ကြေညာခဲ့ပြီး အများပြည်သူများ ကိုရိုနာဗိုင်းရပ်စ်အကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်နိုင်စေရေး ရောဂါမဖြစ်ပွားအောင် ကာကွယ်ရမည့်နည်းလမ်းများကို သိရှိ နားလည်နိုင်စေရေးအတွက် ယနေ့နံနက်ပိုင်းက မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်ဇင်ထွန်းက ဦးဆောင်ကာ ကျန်းမာရေးဝန်ထမ်းများနှင့် လူစည်ကားရာ မြို့မဇမိရတနာဈေးသို့ သွားရောက်ပြီး ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။