သတင်းများ

ပေါက်မြို့နယ်တွင် တက္ကသိုလ်ဝင် စာ​မေးပွဲဖြေဆိုကြမည့်​ ကျောင်းသား​၊ ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းရေး​ဆောင်ရွက်
Mar 12,2020
၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင် စာ​မေးပွဲကို မြန်မာနိုင်ငံတဝန်းရှိ စာ​ဖြေဌာန အသီးသီးတွင် တပြိုင်တည်း ကျင်းပလျက်ရှိရာ မ​ကွေးတိုင်း​ဒေသကြီး ပေါက်မြို့နယ်တွင် စာ​ဖြေဌာန(၁၀)ခုရှိပြီး အဆိုပါစာ​ဖြေဌာနများတွင် တက္ကသိုလ်ဝင်စာမေးပွဲ မတ် ၁၂ ရက် (ဒုတိယ​​)​နေ့ အင်္ဂလိပ်စာဘာသာရပ်တွင် ဝင်​ရောက်​ဖြေဆိုကြမည့် ကျောင်းသား​၊ ကျောင်းသူများ ယာဉ်အန္တရာယ် လမ်းအန္တရာယ်နှင့် ပတ်သက်၍ စိတ်အ​နှောင့်အယှက် မရှိ​စေ​ရေး​၊​ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုနိုင်ရန် အထူးဆောင်ရွက်လျက်ရှိ​ကြောင်း သိရသည်။
လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၌ နွေရာသီ ကာတွန်းအခြေခံသင်တန်း ဖွင့်လှစ်
Mar 12,2020
ရန်ကုန်အနောက်ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကာတွန်းပညာရှင်များ ပူးပေါင်းစီစဉ်၍ ကလေးများအတွက် နွေရာသီကာတွန်းအခြေခံသင်တန်းကို ယနေ့နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန(ဗဟန်း) (Community Centre) ၌ ကျင်းပခဲ့သည်။
ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကျင်းပ
Mar 12,2020
နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား/သူများ အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရန်နှင့် ပြည်သူ့စာကြည်တိုက်နှင့် ရင်းနှီးကျွမ်းဝင်စေရန်အတွက် ကာယ/ဉာဏစွမ်းရည်ပြိုင်ပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင် (Community Centre)နှင့် ကလေးစာဖတ်ခန်းတွင်  ယမန်နေ့ နံနက်(၁၁)နာရီတွင် ကျင်းပပြုလုပ်ပေးခဲ့သည်။
ပင်လောင်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ် ဖြေဆို
Mar 12,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ဖွင့်လှစ်ထားရှိသည့် စာစစ်ဌာန(၁၀)ခုတွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အင်္ဂလိပ်စာဘာသာရပ် ဖြေဆိုရာတွင် ပျက်ကွက်သူမရှိကြောင်း သိရသည်။
မြစ်ကြီးနားမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကျင်းပ
Mar 12,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကချင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းအသင်းတို့ ပူးပေါင်း၍  စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ (၁) နာရီခွဲတွင် ရှဒေါင်ကျေးရွာရှိ မေတ္တာပျိုးခင်းမိဘမဲ့ဂေဟဟာ၌ ကျင်းပခဲ့သည်။
မြန်မာနိုင်ငံလူငယ်ရေးရာမူဝါဒ ထပ်ဆင့်ရှင်းလင်းခြင်းနှင့် မြို့နယ်လူငယ်ရေးရာကော်မတီ ဖွဲ့စည်းခြင်း အခမ်းအနားကျင်းပြုလုပ်
Mar 12,2020
ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသော မြန်မာနိုင်ငံ လူငယ်ရေးရာမူဝါဒ ထပ်ဆင့်ရှင်းလင်းခြင်းနှင့် မြို့နယ်လူငယ်ရေးရာကော်မတီဖွဲ့စည်းခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ပေါက်ခေါင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
သီပေါမြို့နယ်တွင် နာနတ်သီးစိုက်တောင်သူများအား သဘာဝမြေသြဇာထောက်ပံ့ပေးအပ်ပွဲကျင်းပ
Mar 12,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော နာနတ်သီးနှံ(GAP) (Good Agricultural Practice) (၁၁၀၂) ဧက စံပြစိုက်ခင်းတောင်သူများအား စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ မှတ်တမ်းစာအုပ်နှင့် သဘာဝမြေသြဇာ ထောက်ပံ့ ပေးအပ်ပွဲ အခမ်းအနားအား ယမန်နေ့နံနက် (၉)နာရီအချိန်က နမ့်ရမ်းကျေးရွာရှိ နာနတ်သီးအခြောက်ခံ စက်ရုံတွင် ပြုလုပ်ခဲ့သည်။
ကော့ကရိတ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်
Mar 12,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ မြို့မစျေးကြီးရှေ့၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းပြုလုပ်သည့် မြို့မစျေး မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုကို ယမန်နေ့ နေ့လယ် ၂ နာရီချိန်က ကျင်းပပြုလုပ်ခဲ့သည်။