ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ပုသိမ်မြို့ပေါ်ရှိ အများပြည်သူဆိုင်ရာနေရာများတွင် ကစားကွင်းများစနစ်တကျဖြစ်စေရေး အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုများ ကြည့်ရှုစစ်ဆေး
Jun 07,2026
အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်ကိုကာကွယ် စောင့်ရှောက်ခြင်းဖြစ်၍ အားကစားကွင်းများ စနစ်တကျဖြစ်စေရေးနှင့် အဆင့်မီမီဖြစ်စေရေး၊ အရည်အသွေးရှိပြီး Telent ရှိသည့် အားကစားသမားများ ပေါ်ထွက်လာစေရေး၊ သက်ဆိုင်ရာအားကစား နည်းအလိုက် ထူးချွန်ထက်မြက်သည့် အားကစားသမားများပေါ်ထွက်လာစေရန် ငယ်စဉ်ကတည်းကပင် စနစ်တကျရွေးချယ်၍ ပြုစုပျိုးထောင်ပေးနိုင်ရေးအတွက် ဘောလုံးအားကစားကွင်း၊ ဘောလီဘော အားကစားကွင်းများနှင့် ပိုက်ကျော်ခြင်းကွင်းများကို အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိရာ ပုသိမ်မြို့ပေါ်ရှိ အများပြည်သူဆိုင်ရာ နေရာများတွင် အားကစားကွင်းများစနစ်တကျ ဖြစ်စေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ယမန်နေ့ညနေပိုင်းက တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။