Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ကျောက်ဆည်မြို့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ
Dec 17,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရေး၊ ဆန္ဒမဲပေးနိုင်ရေး ယနေ့နံနက်ပိုင်းက “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ကျောက်ဆည်မြို့ မြို့မဈေးတွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင် တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ ကိုယ့်အားကိုယ်ကိုးလမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ကွင်းဆင်းကြည့်ရှုစစ်ဆေး
Dec 17,2025
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်သည် ရှမ်းပြည်နယ်(တောင်ပိုင်း) ပြည်နယ်လမ်းဦိးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးရဲလင်း၊ တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်နှင့်အတူ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ ရေထွက်ဦးလမ်း၊ (အခြေခံပညာမူလတန်ကျောင်းရှေ့မှ ထီသိမ်ရေထွက်လမ်းဆုံအထိ) ကိုယ့်အားကိုယ်ကိုးလမ်း ကတ္တရာထပ်ပိုးလွှာခင်းနေမှု အခြေအနေများကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုအထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပနေမှုကို ကြည့်ရှုအားပေးပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Dec 17,2025
အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးမြို့ မဟာမုနိဘုရားကြီး ရင်ပြင်တော်တွင် ဆီမီးတစ်သောင်းတစ်ထောင် ထွန်းညှိပူဇော်ပွဲအခမ်းအနား ကျင်းပ
Dec 17,2025
မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအားရည်မှန်းကာ မဟာမုနိဘုရား ကြီးရင်ပြင်တော်တွင် မြန်မာအနုပညာနှင့် ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း (MACDA) မှ ကြီးမှူး၍ ဆီမီးတစ်သောင်း တစ်ထောင်ထွန်းညှိပူဇော်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက မဟာမုနိဘုရားကြီးရင်ပြင်တော်၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပြည်ကြီးတံခွန်မြို့နယ်(ဆ)ရပ်ကွက်အတွင်းရှိ မဲရုံများအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး
Dec 17,2025
မန္တလေးတိုင်းဒေသကြီး၊ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ) ရပ်ကွက်အတွင်းရှိ မဲရုံ(၉)နေရာအား မဲရုံများစနစ်တကျရှိစေရေးနှင့် လိုအပ်ချက်များမရှိစေရေးအတွက် ယမန်နေ့မွန်းလွဲ ၁ နာရီကစတင်၍ တာဝန်ရှိသူများက ကွင်းဆင်းလိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပြည်ကြီးတံခွန်မြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Dec 17,2025
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ယမန်နေ့ နံနက် ၁၀ နာရီခွဲက ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပျော်ဘွယ်မြို့နယ် အ.မ.က(မယ်ဇလီအိုင့်)၌အသိပညာပေးဟောပြောခြင်းနှင့် အားကစားပြိုင်ပွဲငယ်များကျင်းပ
Dec 17,2025
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိဉာဏ် ပညာဖွံ့ဖြိုးတိုးတက်စေရန် အသိပညာပေးဟောပြောခြင်းနှင့် ပျော်ရွှင်မှုရရှိစေရန် အားကစားပြိုင်ပွဲငယ်များကျင်းပပေးခြင်းကို ဒီဇင်ဘာလ ၁၆ ရက်၊ နံနက် ၉ နာရီခွဲက အခြေခံပညာ မူလတန်းကျောင်း(မယ်ဇလီအိုင့်)၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဂန့်ဂေါမြို့တွင် မဲရုံဖွင့်လှစ်ဆောင်ရွက်မည့် အခြေခံပညာအလယ်တန်းကျောင်း (မြောက်ကုန်း) နှင့် ပတ်ဝန်းကျင်နေအိမ်များအား မီးဘေးလုံခြုံရေးစစ်ဆေး
Dec 17,2025
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအတွက် မဲရုံဖွင့်လှစ်ဆောင်ရွက်မည့် မြောက်ကုန်းရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း (မြောက်ကုန်း) နှင့် ပတ်ဝန်းကျင်ရှိ နေအိမ်များအား မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများကို ယနေ့ညနေပိုင်းက ဂန့်ဂေါမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဝင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်ရဲနိုင်နှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
48
Page
49
Page
50
Page
51
Current page
52
Page
53
Page
54
Page
55
Page
56
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department