သတင်းများ

ဖြူးမြို့နယ်၊ ထန်းကုန်းကျောင်းမကြီးကျောင်း၌ ယဉ်ကျေးလိမ္မာ ရက်တိုသင်တန်း ဖွင့်လှစ်သင်ကြား
Mar 31,2026
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ထန်းကုန်းကျောင်းမကြီးကျောင်း၌ နွေရာသီကျောင်းပိတ်ချိန် ကျောင်းသား၊ ကျောင်းသူများအတွက် ယဉ်ကျေးလိမ္မာရက်တိုသင်တန်းကို မတ်လ(၂၅)ရက်နေ့မှ ဧပြီလ(၈)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးနေကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၆ ခုနှစ်၊ နွေရာသီအခြေခံမြားပစ်သင်တန်းဆင်းပွဲနှင့် ဆုပေးပွဲကျင်းပ
Mar 31,2026
ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၆ ခုနှစ်၊ နွေရာသီအခြေခံမြားပစ်သင်တန်းဆင်းပွဲနှင့် ဆုပေးပွဲအခမ်းအနားကို မတ် ၂၉ ရက်နေ့ နံနက်ပိုင်းတွင် တာမွေမြို့နယ် ကျိုက္ကဆံကွင်းအတွင်းရှိ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (၁) ဦးကျော်ဦး၊ အထွေထွေအတွင်းရေးမှူး၊ အမှုဆောင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့သည်။
မော်လမြိုင်မြို့နယ် ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာလမ်းလျှောက်သင်္ကြန်ပွဲတော်တွင် ယိမ်းအကအလှများနှင့် ပြိုင်ပွဲဝင်ယိမ်းအကများ ပါဝင်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်
Mar 31,2026
၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို မော်လမြိုင်မြို့နယ်အတွင်း လမ်းလျှောက်သင်္ကြန်ပွဲတော်အား စည်းကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ရာမော်လမြိုင် မြို့နယ်အတွင်း ဗဟိုမဏ္ဍပ်ဆောက်လုပ်ခြင်း၊ လမ်းလျှောက်သင်္ကြန်၊ သနပ်ခါးသင်္ကြန်၊ လက်ဖက်သင်္ကြန်၊ ထမနဲသင်္ကြန်များ ပြုလုပ်ဆောင်ရွက်ခြင်း၊ ရေကစားမဏ္ဍပ်များ ဆောင်ရွက်ခြင်း၊ စတုဒီတာကျွေးမွေးဆောင်ရွက်ခြင်းနှင့် နှစ်ဆန်း (၁) ရက်နေ့တွင် ပရိတ်တရားတော်နာယူခြင်း သက်ကြီးဘိုးဘွားပူဇော်ခြင်းနှင့် ဇီဝိတဒါနငါးလွှတ်ခြင်းများ ကျင်းပသွားမည်ဖြစ်သည်။
ဒိုက်ဦးမြို့နယ်တွင် ပါဠိပထမပြန်စာမေးပွဲဖြေဆို
Mar 31,2026
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသော (၂၀၂၆) ခုနှစ် ပါဠိပထမပြန် (ကြီး၊ လတ်၊ ငယ်၊ မူ) တန်းစာမေးပွဲ မတ် ၂၉ ရက်နေ့ မွန်းတည့် (၁၂) နာရီက ဒိုက်ဦးမြို့ဘုရားကြီးကျောင်းဓမ္မာရုံ၌ ဖြေဆိုကြသည်။
လှိုင်မြို့နယ်တွင် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းနှင့် အင်္ဂလိပ်စာ Grammar သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ
Mar 31,2026
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းနှင့် အင်္ဂလိပ်စာ Grammar သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် (၁၀) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ပဲခူးမြို့၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်‌ပွဲတော်အား လမ်းလျှောက်သင်္ကြန်နှင့် ယိမ်းအကပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်
Mar 31,2026
ပဲခူးမြို့၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်အား လမ်းလျှောက်သင်္ကြန်အဖြစ် ပြုလုပ်သွားမည်ဖြစ်သည့်အပြင် ဗဟိုမဏ္ဍပ်၌ ယိမ်းအကပြိုင်ပွဲများ၊ ဖျော်ဖြေရေးများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြာင်း သိရသည်။
တိုက်ကြီးမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို လမ်းလျှောက်သင်္ကြန်နှင့် ယိမ်းအကပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်
Mar 31,2026
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာအတာသင်္ကြန်ပွဲတော်ကို မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့ယဉ်ကျေးမှု အနှစ်သာရများဖြင့် ပြည်သူများအားလုံးမှ စိတ်ရွှင်လန်းချမ်းမြေ့စွာဖြင့် ပျော်ရွှင်စွာပါဝင်ဆင်နွှဲသွားနိုင်ရေး ရည်ရွယ်ကာ ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို လမ်းလျှောက်သင်္ကြန်နှင့် ယိမ်းအကပြိုင်ပွဲများထည့်သွင်း၍ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။
သဲကုန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်အောင် ဆောင်ရွက်ပေးခဲ့သော ပုဂ္ဂိုလ်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်
Mar 31,2026
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်အောင် ဆောင်ရွက်ပေးခဲ့သော ပုဂ္ဂိုလ်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။