သတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ်အတွင်းရှိ မူးယစ်ဆေးဝါးကင်းစင် ပြန်လည်ထူထောင်ရေးစခန်းများ စုပေါင်းခရစ္စမတ်ပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲများသို့ တက်ရောက်အားပေး
Dec 16,2025
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ မူးယစ်ဆေးဝါးကင်းစင် ပြန်လည်ထူထောင်ရေး သင်တန်းကျောင်းများ မိတ်သဟာရအဖွဲ့က ကြီးမှူး၍ သင်တန်းကျောင်း (၁၀) ကျောင်းမှ သင်တန်းသားများအတွက် ကျင်းပပြုလုပ်ပေးသည့် ခရစ္စမတ်ပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများကို မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မနောကွင်းအတွင်းရှိ မဂျွယ်ခန်းမ၌ ယမန်နေ့နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက် အားပေးချီးမြှင့်ခဲ့ကြောင်း သိရသည်။
၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ်တွင် မြို့နယ်သမဝါယမအသင်းစုအစီအစဉ်ဖြင့် ဆောင်ရွက်သော ဆောင်းသီးနှံ(မြေပဲ) စိုက်ပျိုးနေမှု ကွင်းဆင်းကြည့်ရှု
Dec 16,2025
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် မြို့နယ်သမဝါယမအသင်းစုအစီအစဉ်ဖြင့် ဆောင်ရွက်သော ဆောင်းသီးနှံ(မြေပဲ) စိုက်ပျိုးနေမှုအား မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ယမန်နေ့ ကွင်းဆင်းကြည့်ရှုခဲ့သည်။
နမ့်စန်မြို့နယ်တွင် ရပ်/ကျေးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများကို ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းလမ်းညွှန်များ ဆွေးနွေးပို့ချ
Dec 16,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းလမ်းညွှန်သင်တန်း ဆွေးနွေးပို့ချခြင်းကို ယနေ့နံနက် ၉ နာရီခွဲက အမှတ်(၂)ရပ်ကွက်ရှိ မြို့နယ်ခန်းမတွင် ဆောင်ရွက်ခဲ့ရာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းဌေး၊ နမ့်စန်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်း၊ ခိုလမ်မြို့အုပ်ချုပ်ရေးမှူး ဦးအောင်မင်းစိုးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်ဆယ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်မျိုးမျိုးအောင်နှင့် ဝန်ထမ်းများ၊ နမ့်စန်မြို့နယ်နှင့် ခိုလမ်မြို့တို့ရှိ ရပ်ကွက်(၁၁)ခုနှင့် ကျေးရွာအုပ်စု (၂၀)တို့မှ ရပ်/ကျေးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
သာပေါင်းမြို့နယ်၌ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီအဖွဲ့( ၁၂/၂၀၂၅ ) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Dec 16,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီနှင့် မြို့နယ်ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီအဖွဲ့ (၁၂/၂၀၂၅ ) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမ၌ ကျင်းပပြုလုပ်ကြခဲ့ကြောင်း သိရသည်။
ပဲတီစိမ်းစိုက်ပျိုးမည့် သမဝါယမအသင်းသားတောင်သူများသို့ မျိုးနှင့်သွင်းအားစုပေးအပ်ပွဲအခမ်းအနား ကျင်းပ
Dec 16,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် တစ်စပ်တစ်ဆက်တည်း ပဲတီစိမ်းဧက(၁၀၀၀)စိုက်ပျိုးမည့် သမဝါယမအသင်းသားတောင်သူများသို့ မျိုးနှင့်သွင်းအားစုပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်တွင် ကတုံးပေါ်အလယ်ကျေးရွာ တောင်သူဦးမြင့်သန်းလယ်ကွင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်၊၊
စလင်းမြို့နယ်တွင် မဲပေးစက်ကိုင်တွယ်အသုံးပြုခြင်းနှင့် မဲရုံခင်းကျင်းခြင်း သရုပ်ပြသ
Dec 16,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲပေးစက်ကိုင် တာဝန်ထမ်းဆောင်မည့်သူများအား၊ မဲပေးစက်ကိုင်တွယ်အသုံးပြုခြင်းနှင့် မဲရုံခင်းကျင်းခြင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပတ္တမြားအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သာပေါင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ (ပဉ္စမအကြိမ်)ကျောင်းတွင်းအာဟာရ (School Meal) ကျွေးမွေး
Dec 16,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ပူးပေါင်း၍ မြို့နယ်အတွင်း အခြေခံပညာကျောင်းများ၌ ကျောင်းတွင်းအာဟာရကျွေးမွေးခြင်း (School Meal) အစီအစဥ်ကို (ပဉ္စမအကြိမ်)မြောက် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြန်အောင်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်
Dec 16,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယမန်နေ့နံနက်က စာပေ ချစ်မြတ်နိုးသူများဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်သည်။