သတင်းများ

မိုင်းတုံမြို့၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူးများမှ မဲရုံအဖွဲ့ဝင်ဖြစ်သည့် မင်တို့သူ၊ မဲစာရင်းစစ်‌ဆေးသူနှင့် မဲရုံလုံခြုံရေး သင်တန်းဖွင့်လှစ်
Dec 16,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်အတွင်း မဲရုံမှူး၊ ဒုတိယမဲရုံမှူးများမှ မဲရုံအဖွဲ့ဝင်ဖြစ်သည့် မင်တို့သူ၊ မဲစာရင်းစစ်သူနှင့် မဲရုံလုံခြုံ‌ရေးသင်တန်းဖွင့်လှစ်ခြင်းကို ၂၀၂၅ ခုနှစ်၊ ယနေ့နံနက် ၉ နာရီချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။
ပျော်ဘွယ်မြို့နယ်တွင် မဲရုံအဖြစ် ဆောင်ရွက်မည့်နေရာများအား စစ်ဆေးခြင်းနှင့် “ဒို့အတူတူ မဲပေးကြမယ်”လက်ကမ်းစာစောင်များဖြန့်ဝေ
Dec 16,2025
ပျော်ဘွယ်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှဦးဆောင်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲဝင်များ၊ ဌာနဆိုင်ရာများ။ လူမှုရေးအသင်းအဖွဲ့များပူးပေါင်းပါဝင်သည့်အဖွဲ့သည် မြို့နယ်အတွင်း မဲရုံအဖြစ်ကျင်းပ ပြုလုပ်မည့်နေရာများနှင့် ရွေးကောက်ပွဲဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ဒီဇင်ဘာ ၁၅ ရက် မွန်းလွဲ(၂)နာရီခွဲက ဘတ္တကျေးရွာ အုပ်စုအတွင်းရှိကျေးရွာများ၌ ဆောင်ရွက်ခဲ့ကြသည်။
လားရှိုးမြို့တွင် ရွေးကောက်ပွဲအောင်မြင်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ
Dec 16,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး၊ မဲပေးခြင်းသည်နိုင်ငံသားများမှ အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့် အခွင့်အရေးပြည့်ဝစွာရရှိစေရေး ရည်ရွယ်၍ ရွေးကောက်ပွဲအောင်မြင်ရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက လားရှိုးမြို့နယ် မန်ဆူခရီးသည် ပို့ဆောင်ရေးယာဉ်ဝင်းအတွင်းနှင့် မြို့မဈေးကြီးအတွင်း၌ ဆောင်ရွက်ခဲ့သည်။
ချမ်း​မြသာစည်မြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Dec 16,2025
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
မိုင်းရှူးမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းဆောင်ရွက်
Dec 16,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက်(၁၀)နာရီခွဲ အချိန်က အမှတ်(၁) အခြေခံပညာမူလတန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ငဖဲမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Dec 16,2025
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ အသိပညာဗဟုသုတတိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်တိုးတက်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန်  ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။
မြိတ်မြို့တွင် မဲဆန္ဒရှင်ပြည်သူအားလုံး ဆန္ဒမဲပေးနိုင်ရေးအတွက်  အသိပေးနှိုးဆော်သည့်  “ဒို့အတူတူမဲပေးကြမယ်” မြေစိုက်ပိုစတာ စိုက်ထူပြီး အသိပညာပေး လက်ကမ်းစာစောင်ဝေငှ
Dec 16,2025
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ဒီဇင်ဘာ(၂၈)ရက်နေ့၌ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများအားလုံး  ဆန္ဒမဲပေးနိုင်ရေးအတွက် အသိပေးနှိုးဆော်သည့် “ဒို့အတူတူမဲပေးကြမယ်” မြေစိုက်ပိုစတာ(၃)ခုကို လူစည်ကားရာ နေရာများဖြစ်သည့် ကမ်းနားလမ်း ပုလဲရတနာခန်းမအရှေ့၊ မြန်မာ့စီးပွားရေး ဘဏ်အရှေ့နှင့် ဂေါက်ကွင်းလမ်းဆုံမီးပွိုင့် ပုလဲမွန်ဟိုတယ်အရှေ့တို့တွင် ယနေ့နံနက်ပိုင်းက စိုက်ထူခဲ့ကြသည်။
တာလေမြို့၌(တာလေ+ကျိုင်းလပ်)မြို့နယ်ခွဲစည်ပင်သာယာရေးဌာနတို့၏ အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင်များနှင့် သားသတ်လုပ်ငန်းလိုင်စင်များ သက်တမ်းတိုးစနစ်/ ဈေးပြိုင်လေလံစနစ်ဖြင့် လေလံတင်ရောင်းချခြင်း အခမ်းအနားကျင်းပ
Dec 16,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ (တာလေ+ကျိုင်းလပ်)မြို့နယ်ခွဲ စည်ပင်သာယာရေးဌာနတို့၏ ၂၀၂၆-၂ဝ၂၇ ခု ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင်များနှင့် သားသတ်လုပ်ငန်းလိုင်စင်များ သက်တမ်းတိုးစနစ်/ ဈေးပြိုင်လေလံစနစ်ဖြင့် လေလံတင်ရောင်းချခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီက တာလေမြို့နယ်ခွဲ စည်ပင်သာယာရေးဌာန၌  ကျင်းပပြုလုပ်သည်။