သတင်းများ

၂၀၂၆-၂၀၂၇ ပညာသင်နှစ် အားကစားနှင့်ပညာရေးပေါင်းစပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Jun 05,2026
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အားကစားနှင့် ပညာရေးပေါင်းစပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇွန်လ ၄ ရက်နေ့ နံနက်ပိုင်းက မန္တလာသီရိ အားကစားကွင်း ဘောလီဘောရုံတွင် ကျင်းပရာ အခမ်းအနားသို့ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးညီညီ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူ ကြီးချုပ် ဒေါ်လှမြင့်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး၊ တိုင်းဒေသကြီးအတွင်းရေးမှူး ဦးကျော်စွာထွန်းနှင့် သင်တန်းသား၊‌ ကျောင်းသူများနည်းပြများ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီသည် မန္တလေးမြို့ပေါ်ရှိ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲကျင်းပ
Jun 05,2026
အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီသည် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးလိုက်ပါ၍ အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး) ကျောင်းအုပ်ကြီး ဦးမြင့်ခိုင်၊ တိုင်းဒေသကြီးအားကစားမှူး ဦးနိုင်လင်းအောင်၊ သင်ကြားရေး ဆရာ/ဆရာမများ၊ နည်းပြအားကစားမှူးများနှင့် အရာထမ်း/အမှုထမ်းဝန်ထမ်းများတွေ့ဆုံပွဲကို ယမန်နေ့မွန်းတည့် ၁၁ နာရီက မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ မန္တလာသီရိအားကစားကွင်း ဘောလီဘောရုံတွင် ကျင်းပသည်။
အမြို့မြို့အနယ်နယ်ရှိ ရပ်ကွက်၊ ကျေးရွာများတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ အသက် နှစ်နှစ်အောက် ကလေးငယ်များအား ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိ
Jun 04,2026
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနအနေဖြင့် ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ ၂ နှစ်အောက် ကလေးငယ်များအား ကာကွယ်ဆေး ထိုးနှံပေးခြင်းကိုလည်း သက်ဆိုင်ရာမြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးမှူးများက ဦးစီး၍ သတ်မှတ်ထားသည့် ရပ်ကွက်စုရပ်များတွင် လစဉ်ထိုးနှံပေးလျက်ရှိသည်။
သာပေါင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများနှင့် ပြည်သူများအား ရောဂါရှာဖွေ စမ်းသပ်ကာကွယ်ကုသပေးလျက်ရှိ
Jun 04,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ယနေ့ ဇွန်လ ၃ ရက်နေ့၊ နံနက် ၈ နာရီအချိန်က ဗုဒ္ဓဟူးနေ့တိုင်း အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများနှင့်ပြည်သူများအား ရောဂါရှာဖွေ စမ်းသပ်ကာကွယ်ကုသပေးလျက်ရှိသည်။
မိုးကောင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အခြေခံမီးသတ်ပညာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Jun 04,2026
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့်မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် အခြေခံမီးသတ်ပညာ အသိပညာပေး ဟောပြောပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဇွန်လ(၄)ရက် နံနက်(၉)နာရီ တွင် ကျင်းပသည်။
ကျွန်းလှမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဟင်းသီးဟင်းရွက်မျိုးစုံ ဧက ၅၅၀ ကျော်စိုက်ပျိုးမည်
Jun 04,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ ဟင်းသီးဟင်းရွက်မျိုးစုံကိုရာသီအလိုက် စိုက်ပျိုးကြရာ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဟင်းသီးဟင်းရွက်သီးနှံစုံဧက ၅၅၀ ကျော်စိုက်ပျိုးရန် လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကွေးရောဂါ အကြောင်းအသိပညာပေးဟောပြောပွဲနှင့် ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက် ကျွေးခြင်းလုပ်ငန်းများဆောင်ရွက်
Jun 04,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ကျေးလက်ကျန်းမာရေးဌာန၌ အစိုးရသစ် ရက်(၁၀၀)စီမံချက်ဖြင့် ‌အသိပညာပေးဟောပြောပွဲနှင့် အသက်(၁)နှစ်ခွဲအောက် ကလေးငယ် များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများကို ဇွန်လ ၂ ရက်နေ့နံနက် (၉)နာရီ အချိန်ကစတင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မော်လိုက်မြို့၌ အခြေခံစက်ချုပ်နည်းသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
Jun 04,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့၌ ဒေသခံပြည်သူ များ၊ လူငယ်လူရွယ် များကျွမ်းကျင်းသောစက်ချုပ်တတ်သူများ ဖြစ်ထွန်းလာစေရန်၊ စက်ချုပ်လုပ်ငန်းဖြင့် အသက်မွေးဝမ်း ကျောင်းပြုနိုင်ရန်၊ တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေရရှိစေရန်စသည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်သောအခြေခံစက်ချုပ်နည်းသင်တန်ဆင်းပွဲအခမ်းအနားကိုဇွန်လ ၃ရက်နေ့ ညနေ(၃)နာရီ အချိန်က ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် သင်တန်းသူများတက်ရောက်ခဲ့ကြသည်။