သတင်းများ

ချောင်းဆုံမြို့နယ်၌ ကျန်းမာရေးအဆင့်မြင့်ကျောင်း မြို့နယ်အဆင့် ဆင့်ပွားသင်တန်း ဖွင့်လှစ်
Jun 04,2026
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ အခြေခံပညာကျောင်းများအားလုံး ကျန်းမာရေး အဆင့်မြင့်ကျောင်းများ ဖြစ်ပေါ်စေရေးအတွက် မြို့နယ်ကုသရေး/ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ ကျန်းမာရေးအဆင့်မြင့်ကျောင်း မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ကုသရေး/ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဘောလခဲမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံကျောင်းများ စတင်ဖွင့်လှစ်
Jun 04,2026
၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများကို နိုင်ငံတစ်ဝန်း၌ ဇွန်လ ၁ ရက်က စတင်ဖွင့်လှစ်ရာ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့် ကျောင်းတက်ရောက်၍ ပညာသင်ကြားလျက်ရှိသည်။
ပြင်ဦးလွင်မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ
Jun 04,2026
လူငယ်ကဏ္ဍကိုမြှင့်တင်စေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့‌နံနက် ၉ နာရီခွဲက မန္တလေး တိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပရာ ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြင်ဦးလွင်ခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်လွန်းနန်းထွေးက ဟောပြောပွဲ ကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ကျိုက်ထိုမြို့နယ်တွင် မျိုးသန့်၊ မျိုးပွား၊ မျိုးစေ့ (RS) များ ချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားကျင်းပ
Jun 04,2026
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြိုနယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစေ့ထုတ်ဧက (၅၀) စိုက်ပျိုးမည့် မျိုးစေ့ထုတ်တောင်သူများအား ပေါ်ဆန်းရင်၊ ဆင်းသုခ၊ ဘေးကြားတောင်ပျံ မျိုးသန့်၊ မျိုးပွား၊ မျိုးစေ့ (RS) များ ချီးမြှင့်ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျိုက်ထိုခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အလုံမြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်
Jun 04,2026
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၌ မီးသတိမူရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။ မီးသတိမူရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်အတွင်းရှိ Hotel Ngu Wah ၊ Hotel Grand Vista ၊ Hotel 99 ၊ Hotel Grand United နှင့် Sakura Hotel တို့အား မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် 191 အက်ပလီကေးရှင်း အသုံးပြုပုံတို့အား အသိပညာပေး‌ဆောင်ရွက်ခဲ့သည်။
နောင်ချိုမြို့နယ်၌ ကျန်းမာရေးအဆင့်မြှင့်ကျောင်း မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်လှစ်
Jun 04,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ ကျန်းမာရေး အဆင့်မြှင့်ကျောင်း မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ်ပညာရေးမှူး ရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။
ထန်းတပင်မြို့နယ်၌ သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောကျဉ်း ရောဂါဝေဒနာရှင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေး
Jun 04,2026
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၏အစီအစဥ်ဖြင့် မြို့နယ်အတွင်းရှိ သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောကျဉ်းရောဂါ ဝေဒနာရှင်များအတွက် အပတ်စဥ် ဗုဒ္ဓဟူးနေ့ရက် နံနက် ၈ နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံ၊ ရိပ်သာဆောင်ခန်းမ၌ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကော့သောင်းမြို့နယ် ဒေသတွင်း စားသုံးမှုဖူလုံနိုင်စေရေး (၁၀) မိုင်ဥယျာဥ်ခြံအတွင်း ဟင်းသီးဟင်းရွက်နှင့် သီးပင်၊ စားပင်များ စိုက်ပျိုးထားရှိ
Jun 04,2026
‌တနင်္သာရီတိုင်းဒေသကြီး‌၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် မျိုးကောင်းမျိုးသန့် ပျိုးပင်များထုတ်လုပ်ဖြန့်ဖြူးနိုင်ရန်နှင့် စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်း(GAP)စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်ပြီး တောင်သူများ လက်တွေ့စိုက်ပျိုးထုတ်လုပ်တတ်စေရန်၊ ဒေသတွင်း ဟင်းသီးဟင်းရွက်များဖူလုံပြီး ခေတ်မီစိုက်ပျိုးနည်းစနစ်များဖြင့် တောင်သူများကိုယ်တိုင်စိုက်ပျိုး တတ်လာစေရန်နှင့် အလုပ် အကိုင်အခွင့်အလမ်းများ ရရှိကာ တစ်ဦးချင်းဝင်ငွေတိုးတက်ပြီး လူမှု စီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ စိုက်ပျိုးရေးဦးစီးဌာန၊(၁၀)မိုင်ဥယျာဉ်ခြံတွင် ဟင်းသီးဟင်းရွက်များ၊ သီးပင်၊ စားပင်များ စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။