သတင်းများ

ရွှေသောင်ယံမြို့တွင် အသက် (၂)လမှ (၁)နှစ်ခွဲအထိ  ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးများထိုးနှံတိုက်ကျွေး
Jun 04,2026
ဧရာဝတီတိုင်းဒသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အမှတ် (၂)ရပ်ကွက်ရှိ  ကျေးလက် ကျန်းမာရေးဌာနခွဲတွင်၊ ယနေ့နံနက် (၉)နာရီခွဲအချိန်က  မွေးကင်းစ  နှစ်လ အရွယ်မှတစ် နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများထိုးနှံ တိုက်ကျွေးခြင်းလုပ်ငန်းများကို အမှတ် (၂)ရပ်ကွက်၊ ကျေးလက်ကျန်းမာရေးဌာနခွဲရှိ ကျန်းမာရေးဝန် ထမ်းများမှ ဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။
မင်းလှမြို့နယ်၌ ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရေး တာဝန်ရှိသူများကွင်းဆင်းဆောင်ရွက်
Jun 04,2026
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ထောက်ကြန့်ကွင်း (အမ်) ကျေးရွာအုပ်စု၊ ဥတိုကျေးရွာ၌ ရက် (၁၀၀) စီမံချက်အရ ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရေးအတွက် မြို့နယ်အဆင့်လုပ်ငန်းအဖွဲ့နှင့် ကျေးရွာအဆင့်လုပ်ငန်းအဖွဲ့များက ယမန်နေ့နံနက်ပိုင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ကန်ကြီးထောင့်မြို့နယ်၌ ကျေးလက်နေပြည်သူများအား အသိပညာပေးဟောပြောပွဲကျင်းပ
Jun 04,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ၊ ကန်ကြီးထောင့်မြို့မရဲစခန်းမှူးနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ကျေးလက်နေပြည်သူများအား အသိပညာပေးဟောပြောပွဲကို ဇွန် ၂ ရက်နေ့ နံနက်ပိုင်းက ရွေးကျေးရွာတွင် ကျင်းပသည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းသား၊ သမီးများအား ပညာသင်စရိတ်ထောက်ပံ့
Jun 04,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက  ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသား/သမီးများအား ပညာသင်ထောက်ပံ့ ငွေပေးအပ်ပွဲအခမ်း အနား ကျင်းပခဲ့ကြောင်း သိရသည်။
‎မဟာ‌အောင်မြေမြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစ ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံ တိုက်ကျွေး‎
Jun 04,2026
‎မဟာ‌အောင်‌မြေမြို့နယ်အတွင်းရှိ ရပ်ကွက်သို့ ကွင်းဆင်း၍ ကျန်းမာရေးဆရာမများနှင့် သားဖွားဆရာမများမှ  ကိုယ်ဝန်ဆောင်မိခင်များနှင့်မွေးကင်းစမှ (၁)နှစ်ခွဲအောက် ကလေးငယ်များအား ယနေ့နံနက် ၉ နာရီက စတင်ပြီး အပတ်စဉ် ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးပေးခြင်းကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
‎မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်းဆောင်ရွက်
Jun 04,2026
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်အတွင်းရှိ ဟိုတယ်များသို့သွားရောက်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေးခြင်း၊ အကြံပေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်သည်။
မိုင်းရယ်မြို့နယ်အတွင်းရှိ ကြီးကြပ်ရေးအဖွဲ့ဝင်များအား ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေများနှင့် လုပ်ငန်းတာဝန်များ ဆွေးနွေးပို့ချ
Jun 04,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်၌ ကြီးကြပ်ရေးအဖွဲ့ဝင်များအား ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများ ဆွေးနွေးပို့ချခြင်းကို ယနေ့နံနက် ၁၀ နာရီက မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရွှေဘိုမြို့၌အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေ တိုး‌ရေး စီမံကိန်း စက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ
Jun 04,2026
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရွှေဘိုခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနကကြီးမှူးကျင်းပသော အမျိုးသမီးများအတွက် ဝင်ငွေတိုးတက်ရေးဆောင်ရွက်မည့်လုပ်ငန်း စီမံကိန်းအမည်ဖြင့်ဆောင်ရွက်မည့် စက်ချုပ်နည်းပညာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ဇွန်လ(၂)ရက်နေ့ နံနက်(၉)နာရီအချိန်တွင် ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ရွှေဘိုခရိုင်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရွှေဘိုမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ စီမံကိန်းကော်မတီဝင်များ၊ သင်တန်းနည်းပြ များနှင့် သင်တန်းသူများတက်ရောက်ခဲ့သည်။