သတင်းများ

သာပေါင်းမြို့နယ်၌ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်အရဆောင်ရွက်သည့် ၂၀၂၆ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေကို သင်္ကန်းပင်ဆိပ် ကျေးရွာအုပ်စုရှိ တောင်သူများအား ဆက်လက်ထုတ်ချေးပေး
Jun 04,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်အရဆောင်ရွက်သည့်  ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ၂၀၂၆ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေကို ယနေ့ ဇွန်လ ၂ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်က သင်္ကန်းပင်ဆိပ် ကျေးရွာအုပ်စုရှိ တောင်သူများအား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲရုံး၌ ဆက်လက် ထုတ်ချေးပေးလျက်ရှိသည်။
ငရုတ်ကောင်းမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကျင်းပ
Jun 04,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Club အဖွဲ့)တို့ ပူးပေါင်း၍ ဇွန် ၂ ရက်နေ့နံနက်(၁၂)နာရီအချိန်က ငရုတ်ကောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာရေးဆရာခင်စောတင့်ရေးသားသော "စွန့်စားမှုဆီသို့ခြေတစ်လှမ်းနှင့်အတွေးအမြင်စာစုများ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရွှေဘိုမြို့၌ သူနာပြု-သားဖွားဒီပလိုမာအောင်လက်မှတ်အပ်နှင်းခြင်းနှင့်  သစ်လွင်သူနာပြု ခန့်အပ်လွှာပေးအပ်ခြင်း အခမ်းအနားကျင်းပ
Jun 04,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၊ သူနာပြုသင်တန်းကျောင်း၌  သင်တန်းသား၊ သင်တန်းသူ (၅၀)ဦးတို့အား သူနာပြု-သားဖွားဒီပလိုမာအောင်လက်မှတ်အပ်နှင်းခြင်းနှင့် သစ်လွင်သူနာ ပြုများအား နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ပေးအပ်သည့် ခန့်အပ်လွှာပေးခြင်း အခမ်းအနားကို ဇွန်လ (၁) ရက်နေ့က သူနာပြုသင်တန်းကျောင်း၊ သပြေညိုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကဝမြို့နယ် မြစိမ်းရောင်ကျေးရွာ (ငါးကဏ္ဍ) ဖွံ့ဖြိုးရေးစီမံကိန်း စတုတ္ထ (၃) နှစ်သက်တမ်း၏ ဒုတိယနှစ်အတွက် ချေးငွေထုတ်ချေးခြင်းအခမ်းအနားကျင်းပ
Jun 04,2026
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ မြစိမ်းရောင်ကျေးရွာ (ငါးကဏ္ဍ) ဖွံ့ဖြိုးရေးစီမံကိန်း စတုတ္ထ (၃) နှစ်သက်တမ်း၏ ဒုတိယနှစ်အတွက်ချေးငွေ ထုတ်ချေးခြင်းအခမ်းအနားကို ဇွန်လ ၂ ရက်နေ့ မွန်းတည့် (၁၂) နာရီအချိန်က အုန်းနှဲကျေးရွာ မြတ်ပါရမီဇီဝိတဒါန ပတ္တမြားဆေးခန်း၌ ကျင်းပခဲ့သည်။
တန့်ယန်းမြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများ လွယ်ငင်းကျေးရွာ၌ အသိပညာပေး ဟောပြောပွဲ ကျင်းပ
Jun 04,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ နမ့်ဟူး လွယ်ကာကျေးရွာအုပ်စု လွယ်ငင်းကျေးရွာ၌ ဒေသခံပြည်သူများ၊ တောင်သူလယ်သမားများအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပသည်။
မိုးကောင်းမြို့နယ် ညောင်တောကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး
Jun 04,2026
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးကောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညောင်တောကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်နေမှုအခြေအနေမျာကို ယနေ့နံနက်(၁၀)နာရီက ခရိုင်အဆင့်တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့သည်။
ကျုံပျော်မြို့နယ်၌ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံ မီးသတ်သင်တန်းဖွင့်လှစ်
Jun 04,2026
ဧရာဝတီတိုင်းဒေသကြီး  ကျုံပျော်မြို့နယ်မီးသတ်ဦးစီးဌာနက ဦးဆောင်ကာ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ  အကြိုအခြေခံမီးသတ် ပညာသင်တန်း (၂/၂၀၂၆) ဖွင့်ပွဲ အခမ်းအနားကို  ကျုံပျော်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအ‌ဝေးခန်းမ၌  ဇွန်လ ၂ ရက်နေ့နေ့နံနက်က ပြုလုပ်သည်။
ဒဂုံမြို့နယ်တွင် အခွန်ဆိုင်ရာအသိပညာပေးရှင်းလင်းပွဲ အခမ်းအနားကျင်းပ
Jun 04,2026
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ အိမ်တော်ရာဘုရားအတွင်းရှိ ဓမ္မာရုံ၌ ယနေ့နံနက် ၉ နာရီအချိန်က အခွန်ဆိုင်ရာ အသိပညာပေး ရှင်းလင်းပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။