Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ခေတ္တချင်းပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်း…
Dec 05,2025
(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ကျင်းပရာ ( ၇၈ ) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး နာယက၊ ခေတ္တချင်းပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး၊ ( ၇၈ ) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦး၊ စီးပွားရေးရာဝန်ကြီး ဒေါက်တာလျန်ဇခုပ်၊ သယံဇာတရေးရာဝန်ကြီး ဦးကောလ်လျန်ထန်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တန့်ယန်းမြို့နယ်တွင် မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ပွဲ၏ ကိုယ်ကာယကြံ့ခိုင်မှုအား ဆက်လက်စစ်ဆေး
Dec 05,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာအဆင့် လူရည်ချွန်ရွေးချယ်ပြိုင်ပွဲ၏ ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းများကို ယနေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့အားကစားကွင်းကြီး၌ ဆက်လက်၍ ယှဉ်ပြိုင်ရွေးချယ်ကြသည်။
အပြည့်အစုံ ဖတ်ရန်
နတ်တလင်းမြို့၌ လူငယ်စကားဝိုင်း ကျင်းပ
Dec 05,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့၌ ကျောင်းသား၊ကျောင်းသူများအား ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလအစရှိသည့် ဗလငါးတန်အပါအဝင် အထွေထွေအသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်မြင့်မားစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီက အ.ထ.က(တာပွန်)၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရွှေဘိုတက္ကသိုလ်၌ (၁၁) ကြိမ်မြောက် ဘွဲ့နှင်းသဘင်ကျင်းပ
Dec 05,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုတက္ကသိုလ်တွင် (၁၁) ကြိမ်းမြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီချိန်က အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့နယ်၌ “ဒို့အတူ မဲ ပေးကြမည်” လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Dec 05,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ယနေ့နံနက် ၁၀ နာရီခွဲအချိန်က “ဒို့အတူ မဲပေးကြမည်” အသိပညာပေးလက်ကမ်း စာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟုမ္မလင်းမြို့၌ အသက် ၁ နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ကျွေးခြင်းဆောင်ရွက်
Dec 05,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာများမှ အသက် ၁ နှစ်ခွဲ အောက်ကလေးငယ်များအား ပုံမှန်ကာကွယ် ဆေးထိုး၊ဆေးတိုက်ပေးခြင်းကို ဟုမ္မလင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့တွင် လူရည်ချွန်ကျောင်းသား/သူရွေးချယ်ရေးဆိုင်ရာ ကိုယ်ကာယကြံ့ခိုင်မှု စစ်ဆေးခြင်း ဆောင်ရွက်
Dec 05,2025
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်လူရည်ချွန်ကျောင်းသား/သူများ ရွေးချယ်ရေးအတွက် ကိုယ်ကာယကြံ့ခိုင်မှုစစ်ဆေးမှုဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းအား ကစားကွင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နမ့်စန်တွင် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲ ကိုယ်ကာယကြံ့ခိုင်ရေးနှင့် ယုံကြည်မှု စစ်ဆေးခြင်း ဆောင်ရွက်
Dec 05,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်လူရည်ချွန်ကျောင်းသားကျောင်းသူများ ရွေးချယ်ရေးဆိုင်ရာလုပ်ငန်းများကို ဒီဇင်ဘာလ ၃ ရက် မှစတင်၍ ဆောင်ရွက်လျက်ရှိရာ ကိုယ်ကာယကြံ့ခိုင်ရေးနှင့် ယုံကြည်မှုစစ်ဆေးခြင်းကို ယနေ့ နံနက် ၈နာရီက အမှတ် (၂) ရပ်ကွက်ရှိ အထက (နမ့်စန်) ဘောလုံးကွင်းအတွင်း ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
184
Page
185
Page
186
Page
187
Current page
188
Page
189
Page
190
Page
191
Page
192
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department