Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့ ၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရန်အတွက်…
Dec 05,2025
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရန်အတွက် "ဒို့အတူတူမဲပေးကြမယ်" လက်ကမ်းစာစောင်ကို ယမန်နေ့ နေ့လယ် (၂) နာရီ၌ အမှတ် (၆) ရပ်ကွက်နှင့် အမှတ် (၇) ရပ်ကွက်အတွင်းရှိ ရပ်ကွက်နေပြည်သူများအား တာ၀န်ရှိသူများက လက်ကမ်းစာစောင်များ ဖြန့်ဝေလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်မဲမြို့နယ်တွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများ သင်တန်းဖွင့်ပွဲ ကျင်းပ
Dec 05,2025
ရှမ်းပြည်နယ်၊ မြောက်ပိုင်းကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်တွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် ရပ်ကွက်/ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ အချိန်က မြို့ကျက်သရေဆောင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(မြောက်ပိုင်း)တာဝန်ခံ ဦးမြင့်ဦး၊ ကျောက်မဲခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဆွေဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးညွန့်ရွှေနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောက်မဲခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဇေယျာသီရိမြို့နယ်၌ “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲဆိုင်ရာအသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေ
Dec 05,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲ ဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက လူစည်ကားရာနေရာများ၊ ရပ်ကွက်များနှင့်ဈေးများတွင် ဖြန့်ဝေပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည် ဒေးဒရဲမြို့နယ်တွင် မဲစာရင်းများမှန်ကန်စေရေး (Door to Door) စနစ်ဖြင့် တစ်အိမ်တက်ဆင်…
Dec 05,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အခြေခံအကျဆုံးဖြစ်သည့် မဲစာရင်းများ မှန်ကန်ရေး၊ နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့် အခွင့်အရေးပြည့်ဝစွာရရှိစေရေး၊ မဲပေးခြင်းသည် နိုင်ငံသားများ၏ အမျိုးသားရေး တာဝန်ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများသို့ သက်ဆိုင်ရာဌာနအလိုက်အဖွဲ့များခွဲကာ မြေပြင်လူဦးရေစာရင်းနှင့် မဲစာရင်းများအား တစ်အိမ်တက်ဆင်း (Door to Door) စနစ်ဖြင့် တိုက်ဆိုင်စစ်ဆေးမှုအား ယမန်နေ့ညနေ (၄) နာရီခွဲက ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်နှင့် တာဝန်ရှိသူများက အုန်းပင်ကျေးရွာသို့ ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့ မြို့မအခြေခံပညာအလယ်တန်းကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ
Dec 05,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် မြို့မအခြေခံပညာအလယ်တန်းကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါကျောင်းခန်းမနေရာတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့်လူရည်ချွန် ကျောင်းသား/ကျောင်းသူများ ကိုယ်ကာယကြံ့ခိုင်မှု စစ်ဆေးဆောင်ရွက်
Dec 05,2025
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန် ကျောင်းသား/ကျောင်းသူများ ကိုယ်ကာယကြံ့ခိုင်မှုစစ်ဆေးခြင်းကို ယနေ့နံနက် ၇ နာရီက မြို့နယ်ပြည်သူ့အားကစားကွင်း၌ စစ်ဆေးဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
ကွန်ဟိန်းမြို့(Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ဆောင်ရွက်
Dec 05,2025
ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၊ (Community Centre)ခန်းမ၌ စာပေဝါသနာရှင်တို့ပူးပေါင်း၍ စာရေးဆရာ အောင်သင်းရေးသားထားသည့် “ခေတ်သစ်ကမ္ဘာအတွက် ပညာရေးနှင့်စာရိတ္တ ပျိုးထောင်မှု”စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်းမြို့၌ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Dec 05,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့က ဗလမင်းထင်ခန်းမ၌ ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိုင်းယောင်းတပ်နယ် တပ်နယ်မှူး၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ မြေပြင်ကွင်းဆင်း ကောက်ယူရေးအဖွဲ့များ စုစုပေါင်းအင်အား (၇၂) ဦးနှင့်အတူ တက်ရောက်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
187
Page
188
Page
189
Page
190
Current page
191
Page
192
Page
193
Page
194
Page
195
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department